နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များ၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်ကောင်စီနယ်မြေအတွင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များ၌ Mask များ ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၁၇

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြို့နယ်အသီးသီးတို့ရှိ လူစည် ကားရာ ဘုရားစေတီများ၊ ရပ်ကွက်များ၊ ဈေးများ၊ လမ်းများ၌ ပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော် သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် အတူ Mask  ၄၈၀၀ ခုတို့ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။