နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်

နေပြည်တော်ကောင်စီနယ်မြေအတွင်း COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပေး နှိုးဆော်ခြင်းများဆောင်ရွက်

 
နေပြည်တော်၊ ဇူလိုင် - ၁၂

 
COVID-19 ရောဂါတတိယလှိုင်း ဖြစ်ပွားလျက်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမှာ နေ့စဉ်မြင့်တက်လျက်ရှိသောကြောင့် ရောဂါကူးစက်မှုမခံရစေရေးအတွက်နေပြည်တော် ကောင်စီနယ်မြေအတွင်း တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ယနေ့ ညပိုင်းတွင် အပြင်ထွက်တိုင်း Mask တပ်ရန်၊ လူစုလူဝေးများရှောင်ရှားရန်နှင့် မပြုလုပ်ရန်၊ လက်ကိုဆပ်ပြာနှင့်မကြာခဏဆေးကြောခြင်း၊ လက်သန့်ဆေးရည်ဖြင့် လက်ကိုသန့်စင်ခြင်းများ ပြုလုပ်ကြရန်၊ မလိုအပ်ဘဲအိမ်အပြင်သို့ သွားရောက်ခြင်း မပြုလုပ်ရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြား ချက်များ၊ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီမှ အသိပေး ပန်ကြားချက်များကို တိကျလိုက်နာရန် စသည့် အသိပေးနှိုးဆော်မှုများကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။