နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တပ်ကုန်းတပ်နယ် (က)အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တပ်ကုန်းတပ်နယ် (က)အသင်းက တံခွန်စိုက်ဒိုင်းဆုရရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁၈

နေပြည်တော်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို စက်တင်ဘာ ၁၇ ရက် ညနေပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပုပ္ဗသီရိတပ်နယ်အားကစားခန်းမ၌ ပြုလုပ်ခဲ့ပြီး တံခွန်စိုက်ဒိုင်းဆု အား တပ်ကုန်းတပ်နယ်(က)အသင်းက ရရှိသွားကြောင်း သိရှိရသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲသို့ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြပြီး ဗိုလ်လုပွဲ ပွဲစဉ်ဖြစ်သည့် တပ်ကုန်းတပ်နယ်(က) အသင်းနှင့် တပ်ကုန်းတပ်နယ်(ခ)အသင်းတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး ကြသည်။ ဗိုလ်လုပွဲတွင် တပ်ကုန်းတပ်နယ်(က)အသင်းက ၂ ပွဲ၊ ၁ ပွဲဖြင့် တံခွန်စိုက် ဒိုင်းဆုအား ရရှိသွားသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်းအဖွဲ့ဝင်များ၊ အကောင်းဆုံး ကစားသမားဆုရရှိသူများ၊ အသင်းလိုက်ဆုများ၊ တံခွန်စိုက်ဒိုင်းဆုရရှိသော တပ်ကုန်း တပ်နယ်(က)အသင်း တို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။