နောင်ချိုမြို့၊ နောင်ချိုတိုးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် ဧပြီ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ နောင်ချိုတိုးဂိတ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများ စစ်ဆေးဆောင်ရွက်စဉ် ဧပြီ ၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကျောက်မဲမြို့ဘက်မှ နောင်ချိုမြို့ ဘက်သို့အောင်လွင်ဦး(ဘ)ဦးငြိမ်းလွင် မောင်းနှင်ပြီး ရဲညွန့်(ဘ) ဦးအောင်ညွန့် စီးနင်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၁၉၆၀၀ ပြား၊ ဘိန်းဖြူ ၁၃၀ ဂရမ်ခန့်(စုစုပေါင်းမူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသူများအား နောင်ချိုမြို့နယ်ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁၀၀)