နောဝှစ်ချ်အသင်းတိုက်စစ်မှူး ဘွမ်ဒီယာကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့် အာဆင်နယ်နှင့် အက်စ်တွန်ဗီလာ အသင်း အပြိုင်ကမ်းလှမ်း

လန်ဒန်၊ ဘောလုံး

အာဆင်နယ်နှင့် အက်စ်တွန်ဗီလာအသင်းတို့က အပြောင်းအရွှေ့ကာလမတိုင်မီ နောဝှစ်ချ်အသင်း တိုက်စစ်မှူး ဘွမ်ဒီယာကို ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၃၀ ဖြင့် အပြိုင်ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူး ဘွမ်ဒီယာသည် ပြီးခဲ့သည့်ဘောလုံးရာသီက နောဝှစ်ချ်အသင်း အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ၌ ချန်ပီယံဆု ဆွတ်ခူး နိုင်ခဲ့ရာတွင်  အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ပြီး   အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ် သည်။

ဘွမ်ဒီယာကိုယ်တိုင်ကလည်း ၎င်းကိုခေါ်ယူလိုသော အသင်းများနေသည့်အတွက် အသင်းမှထွက်ခွာခွင့်တောင်းဆိုထားပြီး အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့ကစားလိုနေခြင်းဖြစ်သည်။

အာဆင်နယ်နှင့်  အက်စ်တွန်ဗီလာအသင်းတို့က ဘွမ်ဒီယာကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၃၀ ဖြင့် ကနဦးကမ်းလှမ်းခဲ့ကာ ၎င်း၏ခြေစွမ်းပိုင်းကို စောင့်ကြည့်ပြီး အပိုဆုကြေး ထပ်မံပေးအပ်မည့်ပုံစံဖြင့် ကမ်းလှမ်းထားသော်လည်း နောဝှစ်ချ်အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၄၀ ရရှိလိုသည့်အတွက်  အပြောင်းအရွှေ့မဖြစ်မြောက်သေးခြင်းဖြစ်ကြောင်း သိရသည်။              

Ref;Football London