ပန်းတနော်မြို့၌ လူထုအခြေပြုဗဟိုဌာန(Community Center) ဆောက်လုပ်မည့် အဆောက်အဦအား ပန္နက်တင်ခြင်း ကျင်းပပြုလုပ်

ပန်းတနော်မြို့၌ လူထုအခြေပြုဗဟိုဌာန(Community Center) ဆောက်လုပ်မည့် အဆောက်အဦအား ပန္နက်တင်ခြင်း ကျင်းပပြုလုပ်

 

နေပြည်တော်၊ စက်တင်ဘာ - ၁၀

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့၌ လူထုအခြေပြုဗဟို ဌာန(Community Center) ဆောက်လုပ်မည့် အဆောက်အဦအား ပန္နက်တင်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါအဆောက်အဦဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်း များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်္ဂလာပန္နက်တိုင်များကို အသီးသီး စိုက်ထူခဲ့ကြသည်။ ထို့နောက် လူထုအခြေပြုဗဟိုဌာန(Community Center) ဆောက်လုပ်မှုနှင့်ပတ်သက်၍ တာဝန်ယူဆောက်လုပ်မည့် မြို့မကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်းတင်ပြသည်။ ၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။