ပရီးမီးယားလိဂ်ပြိုင်ပွဲ ဘောလုံးရာသီငါးနှစ်ဆက် အဖွင့်ပွဲစဉ်များ၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် လီဗာပူးအသင်းမှ ဆာလက်ချ် စံချိန်တင်

ပရီးမီးယားလိဂ်ပြိုင်ပွဲ ဘောလုံးရာသီငါးနှစ်ဆက် အဖွင့်ပွဲစဉ်များ၌ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် လီဗာပူးအသင်းမှ ဆာလက်ချ် စံချိန်တင်

လီဗာပူးအသင်း၏ အဖွင့်ပွဲစဉ်ဖြစ်သည့်  နောဝှစ်ချ် အသင်းနှင့် ကစားသည့်ပွဲစဉ်၌ လီဗာပူးအသင်းအတွက်  ဆာလက်ချ်က   တစ်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်   ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်    ဘောလုံး ရာသီငါးနှစ်ဆက်  အဖွင့်ပွဲစဉ်များ၌  ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌   လီဗာပူးအသင်းက  နောဝှစ်ချ် အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိပြီး ဆာလက်ချ် က ပွဲချိန် ၇၄ မိနစ်တွင် တစ်ဂိုးသွင်းယူ နိုင်ခဲ့ကာ စံချိန် ကောင်းတစ်ခု ရရှိခဲ့ခြင်းဖြစ်သည်။

ဆာလက်ချ်သည် ၂ဝ၁၇ ခုနှစ် ဇူလိုင်လက ရိုးမားအသင်းမှ   လီဗာပူးအသင်းသို့  ပြောင်းရွှေ့လာပြီး ၂ဝ၁၇-၂ဝ၁၈ ဘောလုံးရာသီမှစ၍ အသင်းနှင့်အတူ ပါဝင်ကစားခဲ့ကာ ပထမဆုံးရာသီ အဖွင့်ပွဲစဉ်၌  ဂိုး စတင် သွင်းယူနိုင်ခဲ့သည်။ ထို့နောက် ၂ဝ၁၈-၂ဝ၁၉ ဘောလုံးရာသီ၊ ၂ဝ၁၉-၂ဝ၂ဝ ဘောလုံးရာသီ၊ ၂ဝ၂ဝ-၂ဝ၂၁  ဘောလုံးရာသီနှင့်  ၂ဝ၂၁-၂ဝ၂၂ ဘောလုံး ရာသီတို့တွင် အသင်းနှင့် အဖွင့်ပွဲစဉ်များ၌ သွင်းဂိုးများ သွင်းယူနိုင်ခဲ့ကာ   ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ် လျှောက်  ဘောလုံးရာသီငါးနှစ်ဆက်  ဂိုးသွင်းယူ နိုင်ခဲ့သည့်  ပထမဆုံး ကစားသမားအဖြစ်  စံချိန်သစ် တင်နိုင်ခဲ့ပြီး  အသင်းနှင့်အတူ   စုစုပေါင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၂၂ဝ ကစားခဲ့ကာ ၁၃၁ ဂိုးအထိ သွင်းယူပေး ထားနိုင်ကြောင်း သိရသည်။