ပီအက်စ်ဂျီအသင်းက အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး အသုံးစရိတ်မပါဘဲ  ထိပ်တန်းအကောင်းဆုံး ကစားသမား လေးဦးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်

ပီအက်စ်ဂျီအသင်းက အပြောင်းအရွှေ့ကာလတွင် ပြောင်းရွှေ့ကြေး အသုံးစရိတ်မပါဘဲ  ထိပ်တန်းအကောင်းဆုံး ကစားသမား လေးဦးခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်

ပီအက်စ်ဂျီအသင်းသည် ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် မက်ဆီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် တရားဝင် ခေါ်ယူနိုင်ခဲ့ပြီးနောက်   အပြောင်းအရွှေ့ ကာလတစ်ခုအတွင်း ထိပ်တန်းကစားသမား လေးဦးကို ပြောင်းရွှေ့ကြေးလုံးဝ အသုံးမပြုဘဲ ခေါ်ယူနိုင်ခဲ့သည့် အတွက် အကောင်းဆုံးကစားသမား ခေါ်ယူမှုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ပီအက်စ်ဂျီအသင်းသည်    လက်ရှိကစားသမား အပြောင်းအရွှေ့ကာလတွင် ကစားသမားငါးဦး ခေါ်ယူ နိုင်ခဲ့ရာ အင်တာမီလန် အသင်းမှ ဟာကီမီကို ခေါ်ယူ ခဲ့ရာတွင် စတာလင်ပေါင် သန်း ၆ဝ ပေးချေခဲ့ရသော် လည်း ကျန်ထိပ်တန်း ကစားသမားလေးဦးဖြစ်သည့် ဘာစီလိုနာအသင်းမှ  မက်ဆီ၊  ရီးယဲလ်မက်ဒရစ် အသင်းမှ ရာမို့စ်၊ လီဗာပူးအသင်းမှ ဝင်နယ်ဒမ်၊ အေစီမီလန်အသင်းမှ ဂိုးသမား ဒွန်နာရမ်မာတို့ကို ခေါ်ယူခဲ့ရာ အားလုံးအလွတ် ပြောင်းရွှေ့ကြေးဖြင့်သာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

လက်ရှိ Transfermarket  ၏ဈေးကွက်ပေါက် ဈေး၌ အပြောင်းအရွှေ့ တန်ဖိုးများတွင် မက်ဆီက စတာလင်ပေါင် သန်း ၈ဝ၊ ဒွန်နာရမ်မာက စတာလင် ပေါင် ၆၅ သန်း၊ ဝင်နယ်ဒမ်က စတာလင်ပေါင် သန်း ၃ဝ နှင့် ရာမို့စ်က စတာလင်ပေါင် ၁၇ သန်း အထိရှိနေပြီး အဆိုပါကစားသမား လေးဦးပေါင်း၏ ပြောင်းရွှေ့ကြေး အသုံးစရိတ်မှာ  စတာလင်ပေါင် ၁၉၂  သန်းခန့်ရှိမည် ဖြစ်သော်လည်း  ပီအက်စ်ဂျီ အသင်းက အဆိုပါကစားသမား လေးဦးကို ပြောင်း ရွှေ့ကြေးအသုံးစရိတ် အသုံးမပြုဘဲ  ခေါ်ယူခဲ့ကာ အပြောင်းအရွှေ့ကာလ သမိုင်းတစ်လျှောက်   ထိပ် တန်းကစားသမား လေးဦးကို ပြောင်းရွှေ့ကြေးအသုံး စရိတ်အသုံးမပြုဘဲ တစ်ပြိုင်တည်း ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။