ပီအက်စ်ဂျီအသင်းမှ ထွက်ခွာခွင့်တောင်းဆိုထားသည့် အမ်ဘတ်ပီကို စတာလင်ပေါင် သန်း ၁ဝဝ ဖြင့် ရီးယဲလ်မက်ဒရစ်အသင်း ကမ်းလှမ်းမှုစတင်

ပီအက်စ်ဂျီအသင်းမှ ထွက်ခွာခွင့်တောင်းဆိုထားသည့် အမ်ဘတ်ပီကို စတာလင်ပေါင် သန်း ၁ဝဝ ဖြင့် ရီးယဲလ်မက်ဒရစ်အသင်း ကမ်းလှမ်းမှုစတင်

ပီအက်စ်ဂျီအသင်းမှ တရားဝင်ထွက်ခွာခွင့် တောင်းဆိုခဲ့သည့် တိုက်စစ်ကစားသမား အမ်ဘတ်ပီကို ရီးယဲလ် မက်ဒရစ်အသင်းက အပြောင်းအရွှေ့ ကာလမပြီးဆုံးမီ ယခုရက်ပိုင်းအတွင်း ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁ဝဝ ဖြင့် စတင်ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမ်ဘတ်ပီသည်  ပီအက်စ်ဂျီအသင်းနှင့်  စာချုပ် သက်တမ်းတစ်နှစ်သာ ကျန်ရှိပြီး အစောပိုင်းကတည်းက သက်တမ်းတိုး စာချုပ်အတွက် ကမ်းလှမ်းမှုကို ငြင်းဆို ထားကာ  ရီးယဲလ်မက်ဒရစ်အသင်းသို့  ပြောင်းရွှေ့ ကစားရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပီအက်စ်ဂျီအသင်းသို့ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီပြောင်းရွှေ့ လာပြီးနောက်  အမ်ဘတ်ပီက   ပီအက်စ်ဂျီအသင်းမှ မဖြစ်မနေထွက်ခွာရန် ပြင်ဆင်လာသည့်အတွက် ရီးယဲလ်  မက်ဒရစ်အသင်းကလည်း    ပီအက်စ်ဂျီအသင်းနှင့် အမ်ဘတ်ပီတို့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် အဆင် မပြေဖြစ်နေမှုကို အခွင့်ကောင်းယူပြီး ကမ်းလှမ်းလာ ခြင်းဖြစ်သည်။

ပီအက်စ်ဂျီအသင်းအနေဖြင့် အမ်ဘတ်ပီကို သက် တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ပါက လာမည့်နှစ် အပြောင်းအရွှေ့ကာလတွင်    အလွတ်ပြောင်းရွှေ့ ကြေးဖြင့် လက်လွှတ်ရမည် ဖြစ်သည့်အတွက်  ရီးယဲလ်မက်ဒရစ် အသင်းက စတာလင်ပေါင် သန်း ၁ဝဝ နှင့်အထက်ဖြင့် ကမ်းလှမ်းလာပါက အပြောင်းအရွှေ့ ဖြစ်မြောက်လာ ဖွယ်ရှိကြောင်း သိရသည်။