ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နဝမနေ့ ဆက်လက်ကျင်းပ

နေပြည်တော်  ဧပြီ  ၉

ပုလဲအတွဲများနှင့် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ နဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကိုဗစ် - ၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ကျင်းပသည်။

ယနေ့တွင်  ရောင်းချပွဲ အဋ္ဌမနေ့က အိတ်ဖွင့်တင်ဒါစနစ်ဖြင့်   ရောင်းချပေးခဲ့သည့် ကျောက်စိမ်း အတွဲအမှတ်(၁၃၅၁)မှ အတွဲအမှတ် (၁၈ဝဝ)အထိ အတွဲပေါင်း (၄၅ဝ)တွင် ကျောက်စိမ်းအတွဲ ၄၄၃ တွဲ ကို  မြန်မာငွေကျပ်  ၇၆၄၇၈၇၂၉၄၃ ဖြင့် ရောင်းချ နိုင်ခဲ့ကြောင်း  ကြေညာခဲ့သည်။

ယခုရောင်းချပွဲ နဝမနေ့တွင် ကျောက်စိမ်း အတွဲအမှတ်(၁၈ဝ၁)မှ     အတွဲအမှတ် (၂၁၄၈)အထိကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ရတနာကုန်သည်များက မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း သတ်မှတ်နယ်မြေ အလိုက် ခင်းကျင်း ပြသထားသည့်  ကျောက်စိမ်းအတွဲများကို ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများ အတွင်းသို့ နံနက် ၁၁ နာရီ နောက်ဆုံးထား၍ ထည့်သွင်းကြသည်။

ထို့နောက် ကျောက်စိမ်း အတွဲအမှတ်(၁၈ဝ၁)မှ အတွဲအမှတ် (၂၁၄၈)  အထိ တင်သွင်းထားသည့် ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက နံနက် ၁၁ နာရီတွင် ပိတ်သိမ်းပြီး ဖွင့်ဖောက်စစ်ဆေးကာ ဧပြီ ၁ဝ ရက် နံနက် ၈ နာရီတွင် ရောင်းချရသည့် ကျောက်စိမ်းအတွဲများအား ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။ 

ကျောက်စိမ်းအတွဲများ ရောင်းချခဲ့ရမှုများ အနေဖြင့် ကျောက်စိမ်း အတွဲအမှတ်(၁)မှ အတွဲအမှတ်(၄၅ဝ)အထိ အတွဲပေါင်း(၄၅ဝ)တွင် ကျောက်စိမ်းအတွဲ ၃၂၆ တွဲကို မြန်မာ ငွေကျပ် ၃၉၂၂၆၉၇၃၁၁ ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ်(၄၅၁)မှ အတွဲ အမှတ်(၉ဝဝ)အထိ ကျောက်စိမ်းအတွဲပေါင်း ၄၅ဝ တွင် အတွဲပေါင်း ၄ဝ၇ တွဲကို မြန်မာငွေ ကျပ် ၃၅၁ဝ၁၉၉၇ဝ၈ ဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲအမှတ်  (၉ဝ၁)မှ အတွဲအမှတ် (၁၃၅ဝ)အထိ အတွဲပေါင်း ၄၅ဝ တွင် ကျောက်စိမ်းအတွဲ ၄၃၂ တွဲကို မြန်မာငွေကျပ် ၉၂ဝ၃၉၄၅၇ဝ၇ ဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။