ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ မြို့များ၌ Mask များ ပေးဝေလှူဒါန်း

ပုသိမ်ခရိုင်နှင့် မြောင်းမြခရိုင်အတွင်းရှိ မြို့များ၌ Mask များ ပေးဝေလှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၁၁

 
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့၊ သာပေါင်းမြို့၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နှင့် မြောင်းမြမြို့များရှိ လူစည်ကားရာ ဘုရားစေတီများ၊ ဈေးများ၊ လမ်းများ၌ ဒေသခံ ပြည်သူများအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ Mask ၁၂၀၀၀ ခုကို ဒေသခံ ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။