ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်၊ မအူပင်ခရိုင်နှင့် ဖျာပုံခရိုင်များ အတွင်းရှိ မြို့များ၌ Mask များ သွားရောက် ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၄

  အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့၊ မအူပင်ခရိုင်၊ ဓနုဖြူ မြို့နှင့် ညောင်တုန်းမြို့၊ ဖျာပုံခရိုင်၊ မော်လမြိုင်ကျွန်းနှင့် ဘိုကလေးမြို့များရှိ လူစည် ကားရာဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများက Mask ၉၈၀၀ ခုကို ဒေသခံပြည်သူ များ၏ လက်ဝယ်အရောက် အခမဲ့ သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။