ပုသိမ်ခရိုင်၊ ဟင်္သာတခရိုင်နှင့် လပွတ္တာခရိုင်များအတွင်းရှိ မြို့များ၌ Mask များ သွားရောက်ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၃

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ ငပုတောမြို့၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ အင်္ဂပူမြို့နှင့် လပွတ္တာခရိုင်၊ လပွတ္တာမြို့များရှိ လူစည် ကားရာ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများအား အနောက်တောင် တိုင်းစစ်ဌာနချုပ်၊ တပ်နယ်အသီးသီးမှ နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက Mask ၂၇၂၅၀ ခုကို ဒေသခံပြည်သူ များ၏လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။