ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်ပွဲ ပြုလုပ်

ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ကိုဗစ်-၁၉ ရောဂါကုသရေးနှင့် ထိန်းချုပ်ရေး သရုပ်ပြသင်တန်းဖွင့်ပွဲ ပြုလုပ်

 
နေပြည်တော်၊ ဇူလိုင် - ၁၆

 
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှုံမှုကို ထိန်းချုပ်ကာကွယ်တားဆီးရေးလုပ်ငန်း များ ဆောင်ရွက်နေသည့်ကာလအတွင်း Community COVID Positive Center များထားရှိပြီး အဆိုပါနေရာများတွင် တာဝန်ထမ်းဆောင်ကြမည့် စေတနာ့ဝန်ထမ်း (Volunteer)များအား ကိုဗစ်-၁၉ ကုသရေးနှင့် ထိန်းချုပ်ရေး သရုပ်ပြသင်တန်း ဖွင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပုသိမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်ဇော် နှင့် အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးက သင်တန်းဖွင့် အမှာစကားပြောကြားသည်။

 

 ထို့နောက် နယ်မြေခံဆေးတပ်ရင်းမှ ကျန်းမာရေးဝန်ထမ်းများက သင်တန်းသား၊ သင်တန်းသူ ၂၅ ဦးအား PPE ဝတ်စုံကို စနစ်တကျဝတ်ဆင်တတ်စေရန်၊ ကိုဗစ်လူနာ များအား ပြုစုတတ်စေရန်၊ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်တတ်စေရန် စသည့် အချက်များအား သရုပ်ပြသင်ကြားပြသပေးခဲ့ကြောင်း သတင်းရရှိသည်။