ပုသိမ်မြို့အတွင်းရှိ ဈေးများ၌ Mask များပေးဝေလှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၉

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အတွင်းရှိ ဈေးများ၌ ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက Mask များ သွားရောက်လှူဒါန်းသည်။

ထိုသို့ လှူဒါန်းရာတွင် နယ်မြေခံတပ်မတော်သားများက ပုသိမ်မြို့အတွင်းရှိ ဈေးများ၌ Mask  ၅၀၀ ခုကိုဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။