ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်၊ တောင်ငူမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းရှေ့နှင့် ခပေါင်းတံတားထိပ်တို့၌ Mask များ သွားရောက် ပေးဝေလှူဒါန်း

နေပြည်တော်၊ ဇူလိုင် - ၂

   အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁၁)ရပ်ကွက်ရှိ ဒေသခံပြည်သူများအား အနောက်တောင် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက Mask  ၅၀၀ ခုကို ဒေသခံပြည်သူ များ၏ လက်ဝယ်အရောက် အခမဲ့သွားရောက် ပေးဝေလှူဒါန်းသည်။

  အလားတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့အတွင်းရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှေ့နှင့် ခပေါင်းတံတားထိပ်တို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက Mask  ၁၀၈၀၀ ခုကို ကျောင်းသား၊ ကျောင်းသူ များနှင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက် ပေးဝေလှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။