ပေးအပ်ထားသည့် တာဝန်များကို ကြည်သာရွှင်ပြစွာ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး တပ်နှင့် ဒေသ၏ ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်ရမည်

ပေးအပ်ထားသည့် တာဝန်များကို ကြည်သာရွှင်ပြစွာ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး တပ်နှင့် ဒေသ၏ ကောင်းရာကောင်းကျိုးကို အကျိုးပြုနိုင်ရမည်

 
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၈

 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်၊ စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား အဆိုပါ ရေတပ်စခန်းဌာနချုပ်ခန်းမ၌ သွားရောက်တွေ့ဆုံအမှာ စကား ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီး ချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူ များ၊ စစ်တောတပ်နယ်ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှု
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာ၌ အရာရှိ၊ စစ်သည်၊ မိသားစုများအနေ ဖြင့် တပ်မတော်သည် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ပါဝင်နေရသည့် အခြေအနေမှန်များနှင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေရ မှုများကို သိရှိနားလည်နေရမည်ဖြစ်ကြောင်းဖြင့် ဦးစွာပြောကြားပြီး နိုင်ငံတော်တွင် ပြည်သူ့ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရေး တပ်မတော်မှ ဦးဆောင် ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ဒီမိုကရေစီအစိုးရကာလများတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး တိုးတက်မှုများရှိသကဲ့သို့ ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ကာလတွင် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ အားနည်းချက်များရှိခဲ့ခြင်းကြောင့် ပြည်သူလူထုမှ ရွေးကောက်ခံအစိုးရအပေါ် ယုံကြည်မှုအားနည်းမှုများ ဖြစ်ပေါ်ခဲ့မှုနှင့် ရွေးကောက်ပွဲ တွင် အနိုင်ရရှိရေး မသမာသောနည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့မှုများ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ် ခဲ့သည့် အခြေအနေများနှင့် မဲမသမာမှုများကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိခဲ့သည့် အတွက် နိုင်ငံတော်ကို နိုင်ငံရေးအရအရေးပေါ် အခြေအနေကြေညာခဲ့ပြီး တပ်မတော် မှ နိုင်ငံ့တာဝန်များကို ထမ်းဆောင်ခဲ့ရမှုများ၊ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်း ကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျ စီမံဆောင်ရွက်လျက်ရှိမှုနှင့် လွတ်လပ်ပြီး တရား မျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ လူတစ်ဦးပင် ဖြစ်စေ၊ နိုင်ငံတစ်ခုပင်ဖြစ်စေ အမြဲမပြတ် ကြိုးပမ်းအားထုတ်နေမှသာလျင် ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့အနေဖြင့်လည်း အခက်အခဲများကြားမှ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှုတို့နှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
လူသာလျင် အဓိကဖြစ်သဖြင့် အရည်အသွေးရှိပြီး စိတ်ဓာတ်ကောင်းသည့် စစ်သည်များဖြစ်ရန် အရေးကြီး
တပ်မတော်ပိုင်းဆိုင်ရာများနှင့် ပတ်သက်၍ တပ်မတော်၏ အဓိက တာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန်ဖြစ်ပြီး တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ) ဟူ၍ မြေပြင်၊ ရေပြင်၊ ဝေဟင် လုံခြုံရေးတာဝန် များကို စုပေါင်းအားဖြင့် ကာကွယ်စောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ) အနေဖြင့် နိုင်ငံတော်၏ ရေပြင်ပိုင်နက်နယ်နိမိတ်များကို ကာကွယ်စောင့်ရှောက် ရန်ဖြစ်ကြောင်း၊ ရေပေါ်၊ ရေအောက် ပိုင်နက်နယ်နိမိတ်အတွင်း လုံခြုံရေးနှင့် တရား ဥပဒေစိုးမိုးရေးအတွက် စစ်သည်တစ်ဦးချင်း နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို ကျေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ လောက၌ မည်သည့် အရေး ကိစ္စကိုမဆို လူပါဝင်ဆောင်ရွက်ရပြီး လူ၏ကြိုးစားအားထုတ်မှုဖြင့်သာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ပြီး လူသာလျှင်ပဓာနဖြစ်ကြောင်း။
ထို့ကြောင့် လူတစ်ဦးချင်း၏ အရည်အသွေးများ ခိုင်မာခြင်းသည် အရေးကြီး ကြောင်း၊ တပ်တစ်ခုကောင်းရန်မှာလည်း တပ်တွင် တာဝန်ထမ်းဆောင်သည့် သူများ အရည်အချင်းရှိရန်၊ စိတ်ဓာတ်ကောင်းရန် အရေးကြီးကြောင်း၊ ကျောက်ဖြူ ဒေသ၏ ထူးခြားချက်သည် ကုန်းမြေနှင့် ရေပြင် ထိစပ် ဆက်စပ်လျက်ရှိပြီး နယ်မြေခံတပ်များ အနေဖြင့် ရေပြင်၊ မြေပြင် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရကြောင်း၊ နိုင်ငံ တော်လုံခြုံရေးတာဝန်များကို ထမ်းဆောင်ရာတွင် မှန်မှန်ကန်ကန် တာဝန်ကျေပွန် အောင် ထမ်းဆောင်ရန်လိုပြီး မိမိတို့တစ်ဦးတစ်ယောက်၏ တာဝန်လစ်ဟင်းမှုများ သည် ဆုံးရှုံးမှုနှင့် ပေးဆပ်ရမှုများ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်သည့်အတွက် နိုင်ငံနှင့် တပ်မတော်အတွက်၊ ပြည်သူ့အတွက် သစ္စာရှိစွာဖြင့် တာဝန်ကိုကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ကြောင်း။
အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ အတူတကွ လက်တွဲ၍ အနာဂတ်နိုင်ငံတော်ကို ကောင်းမွန်စွာ ပုံဖော်နိုင်ရမည်
တပ်မတော်သည် ပြည်သူတို့နှင့်အတူလက်တွဲပြီး လွတ်လပ်ရေးကို ရယူပေးခဲ့ပြီး ပြည်ထောင်စုကြီးမပြိုကွဲရေးနှင့် တို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားကာ ယနေ့အချိန်အထိ တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကို သိရှိပြီးဖြစ်မည်ဖြစ် ကြောင်း၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ၊ အယူဝါဒရေးအရ သဘောထား ကွဲလွဲမှုများကြောင့် ပေါ်ပေါက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများ ကိုလည်း မိမိတို့၏ ပြည်ထောင်စုဖွားတိုင်းရင်းသားများဖြစ်သည်ဟူသည့် စိတ်ဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းသာ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း၊ အရာရှိ၊ စစ်သည်၊ မိသားစု များအနေဖြင့် မိမိတိုင်းပြည်၏ ပကတိအခြေအနေမှန်ကို သိရှိနား လည်ရမည်ဖြစ်ပြီး စစ်ရေးသတိ၊ စစ်ရေးအသိနှင့် လုံခြုံရေးအမြင်များ ရှိရမည်ဖြစ် ကြောင်း၊ အနာဂတ်နိုင်ငံတော်ကို အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့ အတူတကွ လက်တွဲ၍ ကောင်းမွန်စွာ ပုံဖော်နိုင်ရမည်ဖြစ်ကြောင်း၊ ပေးအပ်လာသည့်တာဝန်များ ကို ကြည်သာရွှင်ပြစွာ ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး မိမိတို့တာဝန်များကို လေးလေး စားစားဖြင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပါက မိမိတို့၏ တာဝန်ထမ်းဆောင် မှုများကို အသိအမှတ်ပြုခံရမည်ဖြစ်ကြောင်း၊ ထို့ပြင် မိမိတို့ တာဝန်ကျရာဒေသ၌ လည်း ကြည်သာရွှင်ပြစွာဖြင့် တပ်၏ကောင်းရာကောင်းကျိုး၊ ဒေသ၏ ကောင်းရာ ကောင်းကျိုးကို ထမ်းဆောင်ကြရန်လိုကြောင်း။
ကျောက်ဖြူဒေသသည် ရာသီဥတုပြင်းထန်သည့် ဒေသတစ်ခုဖြစ်သည့်အတွက် ကျန်းမာရေးကို ဂရုတစိုက်ဖြင့် နေထိုင်ခြင်း၊ မမျှော်လင့်ထားသည့် သဘာဝဘေး အန္တရာယ်များအတွက် သတိရှိရှိဖြင့် နေထိုင်ခြင်း၊ ကြိုတင်ပြင်ဆင်ထားရှိခြင်းတို့ကို ဆောင်ရွက်ကြရန်လိုကြောင်း၊ သွားရေးလာရေး ဝေးလံခက်ခဲသည့်ဒေသဖြစ်သဖြင့် တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး စားရေးကို အထောက်အကူဖြစ်စေရမည်ဖြစ်ကြောင်း။
ပညာရေးနှင့် ပတ်သက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအနေဖြင့် မိမိတို့ဘဝ တိုးတက်ရေးကို အထောက်အကူပြုစေမည့် ဗဟုသုတများရရှိစေရန် စာအုပ် စာစောင် များကို ဖတ်ရှုလေ့လာနေရန်လိုကြောင်း၊ မိမိကိုယ်တိုင် အသိပညာ ဗဟုသုတရရှိစေ မည့် စာကောင်းပေမွန်များကို လေ့လာဖတ်ရှုရုံသာမက မိမိတို့၏ ကလေးငယ်များကို လည်း ပညာရည်မြှင့်တင်ပေးရန်လိုကြောင်း၊ သို့မှသာ ၎င်းတို့၏ ဘဝတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ သားသမီးများ၏ ပညာရည်မြင့်မားရေး အတွက် အားပေးဆောင်ရွက်၍ မိဘကောင်းများဖြစ်အောင် ဆောင်ရွက်ကြစေလိုပြီး ကောင်းမွန်သည့် ပညာအမွေကို ပေးနိုင်ရမည်ဖြစ်ကြောင်းဖြင့် မှာကြားသည်။
စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ နယ်မြေခံရေတပ်စခန်းဌာနချုပ်မှူး ကလည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီးက တပ်နယ်မိခင် နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ နယ်မြေခံ ရေတပ်စခန်းဌာနချုပ်၏ ဇနီးကလည်းကောင်း အသီးသီး လက်ခံရယူကြ သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြပြီး အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေတပ်စခန်းဌာနချုပ်အတွင်း မော်တော်ယာဉ်များ ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။