ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ စက်တင်ဘာ - ၁၂

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နေ့လယ်စာအတူတကွသုံးဆောင်ကြပြီး ဖမ်းဆီးရမိခဲ့သည့် လက်နက်၊ ခဲယမ်းများအား ကြည့်ရှု ခဲ့ကြကြောင်း သတင်းရရှိသည်။