ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံး

နေပြည်တော်၊ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြု သည့်လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ သဲကုန်း မြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာနေ ဦးကံသိန်း(၅၅)နှစ် (ဘ)ဦးစံတင်၏နေအိမ်၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး ဒဏ်ရာရရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၏ အနောက်ဘက် မီးဖိုးဆောင် အတွင်း ဦးကံသိန်း၏သားဖြစ်သူ တင်ကိုဝင်း(၂၅)နှစ်နှင့် ရှိုင်းကိုကို(၂၃)နှစ်တို့သည် လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် ရင်ဘတ်၊ ဝဲမျက်လုံး၊ ပေါင်၊ ယာလက်မောင်း နှင့် ကျောကုန်း မီးလောင်ပေါက်ပြဲဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ ဆူပူအကြမ်းဖက်မှုနှင့် အဖျက်အမှောင့်လုပ်ငန်းများတွင် အသုံးပြုသည့် အသုံးအဆောင်ပစ္စည်း များအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဒဏ်ရာရရှိသူ တင်ကိုဝင်းနှင့် ရှိုင်းကိုကိုတို့အား ဆေးဝါးကုသနိုင်ရေးအတွက် ဆင်မြီးဆွဲမြို့ တိုက်နယ်ဆေးရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပို့ဆောင်ပေးစဉ် ၎င်းတို့ ၂ ဦးမှာ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။