ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ ငွေများ သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား ဓားပြတိုက်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများ၏ ဝန်ခံထွက်ဆိုချက်

ပဲခူးမြို့၊ ဧရာဝတီဘဏ်မှ ငွေများ သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးအား ဓားပြတိုက်မှု ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူများ၏ ဝန်ခံထွက်ဆိုချက်

နေပြည်တော် စက်တင်ဘာ  ၂၁

ပဲခူးမြို့ရှိ ဧရာဝတီဘဏ်ခွဲမှ ရန်ကုန်မြို့သို့ ဘဏ်ငွေများ သယ်ဆောင်လာသော မော်တော်ယာဉ် ၂ စီးအား PDF အကြမ်းဖက်အဖွဲ့ဝင်များက ရဲတပ်ဖွဲ့ဝင်များ အဖြစ် အယောင်ဆောင်၍ စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း၊ မိုင်တိုင်အမှတ်၊ ၂၅/၅ နေရာ၌ ဓားပြတိုက် လုယက် ယူဆောင်ခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

PDF အကြမ်းဖက်အဖွဲ့အနေဖြင့် အများပြည်သူအား ပစ်ခတ် သတ်ဖြတ်နိုင်ရေး၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်ပျက်ပြားစေရေး စသည့် ရည်ရွယ်ချက်များဖြင့် လက်နက်ခဲယမ်းများ ဝယ်ယူရန်အတွက် ပြည်သူလူထု၏ ငွေများကို ယခုကဲ့သို့ ဓားပြတိုက် ရာဇဝတ်မှု ကျူးလွန်ခဲ့သည့်အပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံကြိုးပမ်းဖော်ထုတ်မှုကြောင့် ပြစ်မှုကျူးလွန်ခဲ့သည့် အဓိက တရားခံများအား ၉ နာရီအတွင်း ဖမ်းဆီးရမိခဲ့မှု သတင်းအား စက်တင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

¤င်းဖြစ်စဉ်အပေါ် အချို့သောမီဒီယာများ၊ Social Media များနှင့် Facebook အပါအဝင် လူမှုကွန်ရက် စာမျက်နှာများ၌ ဖြစ်စဉ်အား လိုရာဆွဲ၍ ရေးသားဖော်ပြခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား ပုတ်ခတ်ရေးသားခြင်း   စသည့်လုပ်ရပ်များဖြင့် လိမ်လည်ထုတ်လွှင့် ခဲ့ကြကြောင်း တွေ့ရှိရပြီး ဖမ်းဆီးရမိ တရားခံများ၏ ဝန်ခံထွက်ဆိုချက်များနှင့် နှိုင်းယှဉ်သုံးသပ်နိုင်စေရေး အတွက် တရားခံများ၏ ဝန်ခံထွက်ဆိုချက်များကို ယခုလိုဖော်ပြလိုက်ရပါတယ်-

''ညီမနာမည်ကတော့ မမေသူကျော်ပါ။ မှတ်ပုံတင်နံပါတ်က ၇/ပခန(နိုင်)၃၃၃၅၅၁ ဖြစ်ပါတယ်။ အခုလက်ရှိ ဧရာဝတီဘဏ် လီမိတက် ပဲခူးဘဏ်ခွဲ(၁)မှာ အလုပ်ဆင်းနေပါတယ်။ နေရပ်လိပ်စာကတော့ အိမ်နံပါတ် ၁၂၇ မှော်ကန် ၁၂ လမ်း ပုံနယ်စုရပ်ကွက်ပဲခူးမြို့မှာ ကျွန်မနေထိုင်ပါတယ်။ ဒီ ၂ဝ၂၁ ခုနှစ်၊ ၂ လပိုင်း တပ်မတော်က အာဏာထိန်းတဲ့အချိန်ထိ ချေးငွေဌာနမှာ ညီမအလုပ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့  အာဏာထိန်းပြီးတဲ့ အချိန်ကနေစပြီးတော့ ၄ လလောက် ထိကို CDM လုပ်လိုက်ခဲ့တယ်။   CDM လုပ်ပြီးတော့ ၆ လပိုင်းလောက်မှာ ညီမ အလုပ်ပြန်ဆင်းတယ်။ အလုပ်ပြန်ဆင်းတဲ့ အချိန်မှာ ညီမတို့ရုံးက Domestic ဌာန စာရင်းကိုက်တဲ့ဌာနမှာ  လက်ရှိအချိန်ထိ လုပ်နေပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ ဧရာဝတီဘဏ်လီမိတက် ပဲခူးဘဏ်ခွဲ(၂)မှာ အောင်ပြည့်ခန့်နဲ့ညီမ အလုပ်အတူတူ ဆင်းပြီးတော့ ၂ဝ၁၇  မှာ သမီးရည်းစား စဖြစ်ခဲ့တယ်။ ဒီအာဏာထိန်းတဲ့အချိန် ၂ဝ၂၁ ခုနှစ် ၂ လပိုင်းမှာ သူရော ကျွန်မရောနှစ်ယောက်လုံး CDM လုပ်ဖြစ်ခဲ့တယ်။ လုပ်ဖြစ်ပြီးတော့ ဆန္ဒတွေလည်း အတူတူပြဖြစ်ခဲ့ကြတယ်။ အောင်ပြည့်ခန့်ကတော့   အခုအချိန်ထိ CDM ဆက်လုပ်နေဆဲပဲ။ ၉ ရက်၊ ၉လ အဲ့ဒီညမှာ  ညီမတို့နဲ့သူနဲ့  Messenger ကနေ ၁ဝရက်နေ့ကျရင် တွေ့ဖို့အတွက် ကိစ္စကိုပြောဖြစ်ပါတယ်။ ရွှေသာလျောင်းဘုရား၊ ဆိတ်သားတုတ်ထိုးဆိုင်မှာ အောင်ပြည့်ခန့်နဲ့ တွေ့ကြတယ်။ တွေ့တော့ အောင်ပြည့်ခန့်ကနေပြီး ညီမကို ''နင်ဘာလို့ နောက်ကျနေရတာလဲ''ဆိုတော့   ညီမက ''မဟုတ်ဘူး၊ ဒိုက်ဦးက Currency ကလာမှာဆိုတော့ ငါတို့မန်နေဂျာက စောင့်ခိုင်းနေတာ၊ စာရင်း ဇယားတွေကလည်း အကုန်ပြီးသွားပြီဆိုတော့ အလုပ်ပြီးတဲ့သူတွေ ပြန်ဆိုတာနဲ့ ချက်ချင်းပြန်လာလိုက်တာ''လို့ အောင်ပြည့်ခန့်ကို အဲ့ဒီလိုပြောလိုက်ပါတယ်။ အဲ့ဒါနဲ့ သူကနေပြီး   ''ငွေတွေက  ဘယ်လောက်တောင်များလို့လဲ''တဲ့   ''ငါလည်းသေချာတော့မသိဘူး၊   ဒိုက်ဦးက ရှစ်ထောင်ဆိုတော့ ငါတို့ဘဏ်နဲ့ ဆိုရင်တော့   2B? 3B လောက်တော့ရှိမှာပေါ့လို့''   အဲ့ဒီလိုမျိုး ပြောလိုက်တယ်။ ဘဏ်ဝန်ထမ်းဆိုတော့  Currency  ရဲ့  Flow  တွေဘာတွေကို နားလည်တယ်။ သူက ''အဲ့ဒါဆိုလို့ရှိရင် Currency  ကို  ရန်ကုန်ကနေပြီးတော့ ဘယ်နေ့လောက် လာယူမှာလဲလို့ မေးတယ်'' ''ပုံမှန်ဆိုရင် ဒီနေ့လိုမျိုး ငွေလာပို့ပြီး နောက်နေ့ဆိုရင်တော့   ရန်ကုန်က လာတာများတယ်၊ နေ့လယ်လောက် လာကြတာပဲလို့'' အဲ့ဒီလိုမျိုး    ညီမကပြန်ဖြေလိုက်တယ်။ ၁၃ ရက်နေ့ ၉ လပိုင်း၊    တနင်္လာနေ့  ရုံးဖွင့်တဲ့နေ့က   အောင်ပြည့်ခန့်ကနေပြီး ညီမကို ဖုန်းခေါ်တယ်။ သူက ဒီနေ့ Currency လာဖို့ရှိတာ ကျိန်းသေလားဆိုတဲ့ ပုံစံမျိုးနဲ့ ညီမကိုမေးတယ်။ ''ပုံမှန်ဆိုလို့ရှိရင် သောကြာနေ့ လာတယ်ဆိုရင်    တနင်္လာနေ့တော့  Currency ကလာနေတာပဲလေ လို့''   ညီမက သူ့ကိုပြန်ဖြေလိုက်တယ်။ ပြန်ဖြေပြီးတော့ ညီမကလည်း ရုံးဆက်သွားတယ်ပေါ့နော်။ ရုံးရောက်ပြီးတော့ ညီမလည်း လုပ်စရာရှိတဲ့   မနက်ခင်းအလုပ်တွေကို လုပ်တယ်။ အဲ့ဒီနေ့က တနင်္လာနေ့ဆိုတော့ ငွေများတဲ့အတွက်  ငွေခန်းထဲမှာ သွားပြီးတော့   သွားဝိုင်းကူလိုက်တယ်။ သွားဝိုင်းကူတဲ့အချိန် သူက ညီမကို ၁၁ ခွဲကျော်ကျော်လောက်လား မသိဘူး၊ Signal ကနေပြီးတော့ စာလာပို့တယ် ''နင်ဘာလုပ်နေတာလဲ၊ မအားဘူးလားတဲ့''   ညီမက ''အေးလို့၊ မအားဘူး Currency တွေရောက်နေတော့ ငွေခန်းထဲမှာ ငွေဝိုင်းရေပေးနေတာ၊ လူမရှိလို့''ဆိုပြီး   ပြန်ပြောလိုက်တယ်။

၁၃ ရက်နေ့ ၉ လ ၂ဝ၂၁ ခုနှစ် နေ့လယ်  ၂ နာရီထိုးမှာ ညီမလုပ်ရမည့် စာရင်းကိုက်ရမည့်အလုပ်ကို   အရှေ့မှာ လုပ်နေတယ်၊ လုပ်နေတဲ့အချိန်မှာ  ငွေခန်းထဲကနေပြီး ဘဏ်ခွဲမန်နေဂျာက  ဖုန်းဆက်နေတာကိုတော့    ကြားတော့ကြားလိုက်တယ်။ ဒါပေမဲ့ အကြောင်းအရာကိုတော့ သေချာတော့မသိဘူး။   ငွေသယ်တဲ့ကား ကိစ္စနဲ့ တယ်။ နောက်တော့မှ သူငယ်ချင်းတွေကို မေးရင်း မေးရင်းနဲ့မှ ဒီ Currency ငွေသယ်တဲ့ကား ဓားပြတိုက် ခံလိုက်ရတယ်ဆိုတာကို ညီမအဲ့ဒီအချိန်ကျမှ သိလိုက်ရတယ်။

သိလိုက်ရပြီး ညီမတို့ဘဏ်ကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အဲ့ဒီညနေ ၄ နာရီလောက် လာရောက်စစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ၇ နာရီခွဲ ၈ နာရီလောက်မှာ ပြန်ခိုင်းလိုက်တယ်''ဟု မေသူကျော်က ပြောသည်။

''ကျွန်တော့်နာမည်ကတော့ အောင်ပြည့် ခန့်ပါ။ တပ်မတော်ကနေ အာဏာထိန်းပြီး တဲ့နောက်ပိုင်း ပဲခူးမြို့မှာ လှုပ်ရှားတဲ့ ဆန္ဒပြပွဲတွေမှာ ကျွန်တော်ပါဝင်ခဲ့ပါတယ်။ ပြီးတော့ မဟာစေတီ လမ်းနားမှာနေတဲ့ စည်သူဖြိုး ဆိုတဲ့လူနဲ့ ကျွန်တော်ရင်းနှီးသွားတယ်။ ကျွန်တော့်သူငယ်ချင်း ညီသုတရဲ့အိမ်မှာ သုံးရက်လောက်နေတယ်။ နောက်ပိုင်း မဟာ စေတီလမ်းနားက စည်သူဖြိုးတို့အိမ်မှာလည်း ကျွန်တော်နေတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဘဏ်ကနေ CDM လုပ်လို့အလုပ်ပြုတ်သွားတယ်။ မျိုးကိုကိုခိုင်နဲ့ကတော့ စည်သူ ဖြိုးနဲ့ ပတ်သက်ပြီးတော့မှ သိရှိခဲ့တာပါ။ သူက ပဲခူးသပိတ် ခေါင်းဆောင်လို့လည်း သိထားပါတယ်။ စက်တင်ဘာ ၅ ရက်နေ့ ည ၇ နာရီမှာ မျိုးကိုရယ်၊ ကျွန်တော်ရယ်၊ ကိုသန့်ဇင်ဝင်းရယ် Zoom Meeting တစ်ခု လုပ်ဖြစ်ပါတယ်။ Meeting မှာ ပြောဖြစ် တာကတော့ ကမ္ဘာ့ရတနာဘဏ်နဲ့ ကမ္ဘောဇ ဘဏ်တွေကို တခြားမြို့တွေမှာ ဓားပြ တိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရှိရပါတယ်။ NUG ကချပေးတဲ့  မြို့တစ်မြို့အတွက် လက်နက်အရေအတွက်က နည်းပါတယ်။ လက်နက်တစ်လက်ကို သိန်း ၅ဝ ဝန်းကျင် လောက်ရှိတယ်လို့ မျိုးကိုက ပြောပါတယ်။ အဲ့ဒီအတွက် ငွေလိုတာဖြစ်လို့  အခုဘဏ် ဓားပြတိုက်မှုကို လုပ်ပါမယ်လို့ မျိုးကိုကပြော ပါတယ်။ ကျွန်တော့်ကိုကျတော့ ဘဏ်နဲ့ ပတ်သက်တဲ့ ငွေသယ်ယာဉ် လာတတ်တဲ့ အချိန်တွေကို စုံစမ်းခိုင်းပါတယ်။ မျိုးကို (ခ)မျိုးကိုကိုခိုင်က ဘဏ်က ငွေသယ်ယာဉ် လာတဲ့အခါ လူဘယ်နှယောက်ပါလဲ၊ ကား ဘယ်နှစီးလာတတ်လဲ၊ လက်နက်ခဲယမ်းပါ တတ်လား၊ ဘယ်အချိန် လာတတ်လဲဆိုတာ ကို ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်က အရင်တုန်းက ဘဏ်မှာရုံးအကူ လုပ်ဖူးတဲ့ အတွက် ကားလာတတ်တဲ့ အချိန်ကိုသိပါတယ်။ ပြီးတော့ ၁၁ နာရီနောက်ပိုင်းဆိုတာ ကိုလည်း ကျွန်တော်သိပါတယ်လို့ ပြောခဲ့ပါတယ်။ လူအင်အားက ကားတစ်စီးကို သုံးယောက်၊ နှစ်စီးဆိုတော့ ခြောက်ယောက်  အဲ့ဒီလောက် ပါတတ်တယ်လို့ ကျွန်တော်ပြော ခဲ့ပါတယ်။ ပြီးတော့ကားက တစ်စီးမဟုတ်ရင် နှစ်စီးလာတတ်တယ်၊ လက်နက်ခဲယမ်းမပါ ဘူးလို့လည်း ပြောပြခဲ့ပါတယ်။ အဲ့ဒီတော့ မျိုးကိုက ဓားပြတိုက်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်။ ကျွန်တော်က မလုပ်ရဲဘူးလို့ပြောတော့  သူက ကိုယ်လုပ်စရာရှိတဲ့ လမ်းကြောင်းကြည့်တဲ့ အလုပ်ကိုပဲလုပ် ကျန်တဲ့ကိစ္စကို သူစီစဉ် မယ်လို့ပြောပါတယ်။  အဲ့ဒီနောက်ပိုင်း ကျွန်တော်က သူခိုင်းတဲ့အတိုင်း ဘဏ်မှာ ငွေသယ်ယာဉ် လာတဲ့အချိန်တွေကို စောင့်ကြည့်ပါတယ်။  ဧရာဝတီဘဏ်ခွဲ(၁)က အကြီးတန်း ဘဏ်လက်ထောက် ကျွန်တော့် ကောင်မလေး မေသူကျော်နဲ့ စက်တင်ဘာလ ၇ ရက်နေ့ ည ၉ နာရီမှာ Signal နဲ့စကား ပြောဖြစ်ပါတယ်။  ငွေသယ်ယာဉ်လာဖို့ ရှိလားလို့ ကျွန်တော်ကမေးပါတယ်။ သူက မရှိဘူးလို့ပြောပါတယ်။ အဲ့ဒီတော့ ငွေသယ်ယာဉ်လာရင် ပြောပြဖို့ ကျွန်တော်ကပြောခဲ့ပါတယ်။ ၈ ရက်နေ့မှာ ပဲခူးမြို့ လိပ်ပြာကန် ရပ်ကွက်မှာရှိတဲ့ ဧရာဝတီဘဏ်ခွဲ(၁) အနားမှာ ငွေသယ်ယာဉ် လာရောက်ခြင်းရှိ/ မရှိကို သွားပြီးစောင့်ကြည့်ခဲ့ပါတယ်။ အဲ့ဒီနေ့မှာ လာရောက်ခြင်း မရှိခဲ့ပါဘူး။ ၁ဝ ရက်နေ့မှာ ကျွန်တော် နောက်တစ်ခေါက် သွားကြည့်ပါတယ်။ အဲ့ဒီနေ့က ဒိုက်ဦးဘက် ကလာတဲ့ ငွေသယ်ယာဉ်နှစ်စီး လာရောက်တာကို တွေ့ခဲ့ပါတယ်။ ကျွန်တော်အဲ့ဒီကားတွေနောက်ကို ဆိုင်ကယ်နဲ့ နောက်ယောင်ခံ ပြီးတော့ ပဲခူးတိုးဂိတ် အကျော်အထိ လိုက်ခဲ့ပါတယ်။ ပဲခူးတိုးဂိတ်မှာ လုံခြုံရေး အင်အားများတဲ့အတွက် မျိုးကိုကို ဖုန်းဆက်ပြီးတော့ ကျွန်တော် လှမ်းပြောခဲ့ပါတယ်။ လမ်းကြောင်း တော့ရှိတယ် ဒါပေမဲ့ လုံခြုံရေး အင်အား များတယ်လို့ ပြောခဲ့ပါတယ်။ အဲဒီတော့ မျိုးကို က အေးကွာ အဲဒါဆို နောက်တစ်ခေါက်မှ လုပ်မယ်လို့ပြောပါတယ်။ စက်တင်ဘာလ ၁ဝ ရက်နေ့ ညနေဘက်မှာ  ကျွန်တော့် ကောင်မလေး   ဧရာဝတီဘဏ်ခွဲ(၁)မှာ အလုပ်လုပ်နေတဲ့ မေသူကျော်နဲ့တွေ့ပါတယ်။ ကျွန်တော်က နေ့ခင်းတုန်းကလာတဲ့ ကားနှစ်စီးက ဘယ်ကလာတာလဲ၊ ကားပေါ်မှာ ပိုက်ဆံဘယ်လောက် ပါလာလဲဆိုတော့ သူက ဒိုက်ဦးဘက်က ငွေတွေရယ်၊ ပဲခူးဘဏ်ခွဲ(၁)ကငွေတွေရယ်ကို ရန်ကုန်ကို သွားပို့တာဖြစ် ကြောင်း၊ သိန်း ၈ဝဝဝ ဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီတော့ နောက်ထပ်လာဖို့ရှိ သေးလားလို့ မေးတော့ သူက နောက်အပတ် ထဲမှာတော့ လာဖို့ရှိတယ်လို့ကြားတယ်လို့ ပြောပါတယ်။ ရန်ကုန်ရုံးချုပ်ကနေ လာသယ်မယ်လို့လည်း သိရတယ်။ စက်တင်ဘာလ ၁၁ ရက် ည ၇ နာရီမှာ ကျွန်တော်နဲ့မျိုးကို ဖုန်းအဆက်အသွယ် ရပါတယ်။ နောက် အပတ်ထဲမှာတော့ ရန်ကုန်ကနေ ပဲခူးကို ငွေ သယ်ယာဉ်တွေ ငွေလာယူဖို့ရှိတယ်လို့ ပြော ခဲ့ပါတယ်။ မျိုးကိုကလည်း သူ့ဘက်ကအဖွဲ့ တွေက အသင့်ဖြစ်နေပြီလို့ ကျွန်တော့်ကို ပြောပါတယ်။ ဒီတစ်ခေါက်တော့ မလွတ်အောင် လုပ်တော့မယ်လို့ ကျွန်တော့်ကိုပြော ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ ညပိုင်း မှာ မျိုးကိုရယ်၊ ကျွန်တော်ရယ်၊ အခုဓားပြတိုက်မှုမှာ ပါဝင်တဲ့လူတွေအကုန်လုံး ပါဝင်တဲ့ Zoom Meeting တစ်ခုလုပ်ဖြစ်တယ်။ အဲဒီမှာ မျိုးကိုက ကျွန်တော်တို့အားလုံးကို ကိုယ်တာဝန် ယူရမယ့်နေရာ အလိုက် တာဝန်ခွဲပေးပါတယ်။ ကျွန်တော်က ဘဏ်ကားလာတဲ့ လမ်းကြောင်းကြည့်ဖို့ တာဝန်ယူရပါတယ်။

ကုလားကြီးက မော်တော်ပီကယ် ဝတ်စုံဝတ်ရပါတယ်။ ရဲဝတ်စုံကို စည်သူဖြိုးရယ်၊ ရန်နိုင်ရယ်၊  ရန်လင်းထွေးရယ်က ဝတ်ပါတယ်။  သေနတ်ကိုကျတော့ ရန်နိုင်နဲ့ရန်လင်းထွေးက    ကိုင်ဖို့ပြောပါတယ်။   ရွှေပြည့်ကို ကျတော့  အင်းတကော်မှာ ကင်းစောင့်ပြီးတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လှုပ်ရှားမှု တွေကို ကျွန်တော့်ဆီ သတင်းပို့ခိုင်းပါတယ်။ မြတ်စတား လမ်းဆုံမှာကျတော့ ငပေါင်ကို ကင်းစောင့်ခိုင်းပြီး လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကို ကျွန်တော့်ဆီ သတင်းပို့ခိုင်း ပါတယ်။ ကျော်ကြီးကိုကျတော့ အရပ်ဝတ်နဲ့ပဲ လိုက်ခိုင်းပြီးတော့ ပိုက်ဆံအိတ် သယ်ဖို့ နဲ့ ကားအရွှေ့အပြောင်း အတွက်ပဲ တာဝန်ပေးထားပါတယ်။ ကျွန်တော်က စက်တင်ဘာ ၁၃ ရက်နေ့မနက်မှာ ကျွန်တော့်ကောင်မလေး မေသူကျော်နဲ့ ဖုန်းအဆက်အသွယ် ရပါတယ်။ ၁၁ နာရီခွဲလောက်မှာ ကျွန်တော် ဧရာဝတီဘဏ်၊ ပဲခူးဘဏ်ခွဲ(၁) အရှေ့မှာ သွားပြီး စောင့်ကြည့်နေပါတယ်။ အဲဒီအချိန်မှာ  ငွေသယ်ယာဉ်တစ်စီး လာပါတယ်။ ကျွန်တော်လည်း ကားနံပါတ်မှတ်ပြီး ပြန်မလို့ လုပ်နေတုန်း ၁၂ နာရီ ၁၅ မိနစ်လောက်မှာ နောက်ထပ်တစ်စီး ထပ်ရောက်လာပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း နှစ်စီးစလုံးရဲ့ ကားနံပါတ်တွေကိုမှတ်ပြီး စည်သူဖြိုးဆီကို ဖုန်းဆက်ပါတယ်။ ပြီးတော့ကျွန်တော် ကုလားကြီးအိမ်ကို သွားပါတယ်။ ကုလားကြီး အိမ်ကနေ  Hijet ကားနဲ့သွားပြီး စည်သူ ဖြိုးအိမ်မှာ သေနတ်နှစ်လက်နဲ့  ဝတ်မယ့် ယူနီဖောင်းတွေကို ဝင်ယူပြီးတော့ အင်းတကော်ကွေ့ကို သွားပါတယ်။ ဆယ်မိုင်ကုန်း ကွေ့ကို ကျွန်တော်နဲ့ ကုလားကြီးက  Hijet ကားနဲ့သွားပါတယ်။ စည်သူဖြိုးနဲ့ ရန်လင်း ထွေးက ဆိုင်ကယ်တစ်စီး၊ ကျော်ကြီးနဲ့ရန်နိုင် က ဆိုင်ကယ်တစ်စီးနဲ့ အဲဒီနေရာကိုသွား ကြပါတယ်။ ရွှေပြည့်ကတော့ အစောကြီး ကတည်းက သူ့နေရာမှာသူ့တာဝန်ကိုသူ လုပ်ဆောင်နေပါတယ်။ ငပန်လည်း မြတ် စတားလမ်းဆုံမှာ အစောကြီးကတည်းက ရောက်နှင့်နေပြီးတော့ သူ့ရဲ့ကင်း တာဝန်ကို သူလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့အားလုံး စုရပ်ကိုရောက်တဲ့အချိန်ကတော့ ၁ ချက်ခွဲဖြစ်ပါတယ်။ ၂ ချက်ထိုးခါနီးလောက် မှာ ငွေသယ်ယာဉ်တွေ ရောက်လာပါတယ်။

ပြီးတော့ ၂ နာရီထိုးခါနီးလောက်မှာ ငွေသယ်ယာဉ် ရောက်လာပါတယ်။ ရောက် လာတော့ ကျွန်တော်နဲ့ကုလားကြီးနဲ့ ကား ကိုတားလိုက်ပါတယ်။ တားပြီးတော့ အရှေ့မှာရပ်ဖို့  လမ်းဘေးချရပ်ဖို့ ပြောပါတယ်။ လမ်းဘေးချရပ်တဲ့ အချိန်မှာ စည်သူဖြိုးက ကားပေါ်မှာ လက်နက်ပါလာတယ်ဆိုတဲ့ သတင်းရလို့ဆိုတဲ့ အကြောင်းပြောပြီး ကားကို လမ်းဘေးမှာရပ်ပြီး သူတို့စစ်ဆေးခဲ့ပါတယ်။ ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ ဘာညာတောင်းပါတယ်။ ပြီးတော့ဖုန်းတွေ သိမ်းပါတယ်။ အဲ့နောက် အင်းတကော် ရဲစခန်းကို ရောက်မှရှင်းလို့ ပြောပါတယ်။ သူတို့ ငွေသယ်ယာဉ် တစ်စီးမှာ ဘဏ်ဝန်ထမ်း သုံးယောက် ပါပါတယ်။   နှစ်စီးဆိုတော့ ခြောက်ယောက်ပါ။ အဲ့ဒီခြောက်ယောက်ကို သူတို့ကားထဲမှာပဲ အနောက်မှာ တိပ်အမည်း တွေနဲ့ လက်ရယ်၊ ပါးစပ်ရယ်၊ မျက်လုံးရယ် ကို ပိတ်ခဲ့ပါတယ်။ ပိတ်ပြီး ကျွန်တော်တို့ အဲ့ဒီ ပိုက်ဆံအိတ်များကို ပါလာတဲ့ ခွေးဘီလူးကားပေါ် ပြောင်းတင်ကြပါတယ်။ ပြောင်းတင်ပြီး ပြန်လာတော့ ကုလားကြီးက ခေါင်းခန်းမှာ မောင်းပါတယ်။ ကျွန်တော်က ကားရဲ့နောက်အခန်းမှာ ပိုက်ဆံအိတ်ပြုတ်ကျမှာ ကြောက်လို့ လိုက်ခဲ့ပါတယ်။ စည်သူဖြိုးနဲ့ ရန်လင်း ထွေးကတော့ လာတုန်းကလိုပဲ ဆိုင်ကယ်တစ်စီး၊ ကျော်ကြီးနဲ့ရန်နိုင်နဲ့က လာတုန်းကလိုပဲ ဆိုင်ကယ်တစ်စီးနဲ့ပြန်ပါတယ်။ ကျွန်တော်နဲ့ ကုလားကြီးနဲ့က လုလာတဲ့ ပိုက်ဆံတွေကို သယ်လာတဲ့ ယာဉ်ကတစ်စီး၊ စည်သူဖြိုးနဲ့ ရန်လင်းထွေးနဲ့က ဆိုင်ကယ်တစ်စီး စက်မှုဇုန်လမ်းကနေပြီးတော့ စာကလေးကျေးရွာကို ဖြတ်ပြီး မြို့ရှောင်လမ်းကို ဖောက်ထွက်ကာ ဓမ္မဒူတမဂ္ဂင်ကျောင်းတိုက်ကို ကျွန်တော်တို့ သွားပါတယ်။ ရန်နိုင်နဲ့ ကျော်ကြီးနဲ့ကတော့ သူ့အစီအစဉ်နဲ့အတူ လမ်းဟောင်းအတိုင်း ပြန်သွားပါတယ်။ ကျွန်တော်တို့ ဆရာလေး ကျောင်းထဲကိုရောက်တာ ၃ နာရီဝန်းကျင် လောက်ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ထို ကျောင်းတိုက်ကိုရောက်တော့ ကျွန်တော် ရယ်၊  ကုလားကြီးရယ်၊  စည်သူဖြိုးရယ်၊ ရန်လင်းထွေးရယ်က ကားပေါ်မှာပါလာတဲ့ ပိုက်ဆံတွေကို ဆရာလေးတို့ ဆွမ်းစားဆောင် ထဲ ခုတင်ပေါ်ကို ပြောင်းရွှေ့ပြီးတော့ ထား တယ်။ ပါလာတဲ့ သေနတ်နှစ်လက်ကိုလည်း အဲ့ဒီမှာထားတယ်။  ပြီးတော့  မျိုးကို ကို ကျွန်တော်က ဖုန်းဆက်တယ်။ ဖုန်းဆက်ပြီး ငါတို့ရောက်ပြီဆိုတဲ့ အကြောင်းပြောတော့ မျိုးကိုကနေပြီး ကုလားကြီးတို့လည်း တစ်ယောက်သိန်း ၂ဝဝ စီပေးဦးဆိုပြီး ကျွန်တော့် ကို ပြောပါတယ်။ ပြောတော့ ကျွန်တော် ကုလားကြီးကို တစ်သောင်းတန်ခြောက်စည်း  သိန်း   ၆ဝဝ  ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပြီး တော့ပေးလိုက်ပြီး    ကားသွားပြန်ထားဖို့ ပြောပါတယ်။ အဲ့ဒီသိန်း ၆ဝဝ က ကုလားကြီးရယ်၊ ကျော်ကြီးရယ်၊ ရန်နိုင်ရယ် တစ်ယောက်သိန်း ၂ဝဝ စီအတွက် သိန်း ၆ဝဝ ထည့်ပေးလိုက်တာဖြစ်ပါတယ်။ တစ်သောင်းတန်အိတ်တွေအထဲမှာ GPS ပါ၊ မပါ ကျွန်တော် တို့ဖောက်ပြီးတော့ စစ်ခဲ့ကြပါတယ်။ အိတ် တချို့တစ်ဝက်က ဆုတ်ပြဲသွားတယ်၊ သုံးလို့ မရတော့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အိတ်အမည်းတွေနဲ့ လှယ်ပြီး ထည့်ခဲ့ကြပါတယ်။ အဲ့ဒီအိတ်တွေ အကုန်လုံးကို ဆွမ်းစားကျောင်း ထဲမှာပဲ ကျွန်တော်တို့ထားခဲ့ကြတယ်။ အဲ့ဒီ အချိန်မှာ  ထုပ်ပိုးလို့ မလောက်တော့လို့ ပိုက်ဆံသိန်း ၇ဝဝ အပြင်မှာ ပိုနေခဲ့တယ်။ ပိုနေတော့ စည်သူဖြိုးက အိမ်ယူသွားမယ် ဆိုပြီးတော့ ပြောပါတယ်။ ကုလားကြီးက အဲ့ဒီအချိန်မှာ ကျွန်တော့်ကို ဆိုင်ကယ်နဲ့ လာပြီးတော့ကြိုပါတယ်။ အဲ့ဒီအချိန်မှာ စည်သူဖြိုးနဲ့ ကုလားကြီးနဲ့က သိန်း ၄ဝဝ ကိုယူပြီးတော့  သူ့ဆိုင်ကယ်နဲ့တစ်စီး ကျွန်တော်နဲ့ ရန်လင်းထွေးနဲ့က ကုလားကြီး လာခေါ်တဲ့ဆိုင်ကယ်နဲ့  သိန်း  ၃ဝဝ နဲ့တစ်စီး  အဲ့လိုမျိုး  ကျွန်တော်တို့ပြန်ခဲ့ကြတယ်။ စည်သူဖြိုး အိမ်ကိုရောက်တော့ ကျွန်တော်ကဘောက်ထဲက သိန်း ၃ဝဝ ကို ထုတ်ပြီး စည်သူဖြိုးအိမ်ပေါ်က ခုတင်ပေါ် ကို တင်ထားခဲ့ပါတယ်။ အဲ့ဒီကိုရောက်တော့ ကုလားကြီးက သူ့အိမ်ကို သူပြန်သွားခဲ့ပါ တယ်။ ပြီးတော့ အဲ့ဒီည ၈ နာရီမှာပဲ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက   ဖမ်းဆီးခြင်းကို ကျွန်တော်ရယ်၊ စည်သူဖြိုးရယ်၊ ရန်လင်းထွေးရယ်    သုံးယောက်ခံရပါတယ်''   ဟု အောင်ပြည့်ခန့်ကပြောသည်။    

''ကျွန်တော့်နာမည်    စည်သူဖြိုးပါ။ မှတ်ပုံတင်နံပါတ်ကတော့ ၇/ပခန(နိုင်)၃၇၂၁၄၄ ဖြစ်ပါတယ်။ ကျွန်တော်လက်ရှိနေတဲ့ လိပ်စာကတော့ မဟာစေတီတိုက်တန်းလျား  ဈေးဆိုင်နားမှာနေပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိ အလုပ်အကိုင်ကတော့ နယူးဟုတ်အစာ ကုမ္ပဏီမှာ ဧရိယာမန်နေဂျာ ဖြစ်ပါတယ်။ တပ်မတော်က အာဏာထိန်းပြီး နောက်ပိုင်း ဆန္ဒပြမှုတွေမှာ သော်သော်နဲ့ ရင်းနှီးခဲ့ပါတယ်။ သော်သော်မှတစ်ဆင့် မျိုးကို(ခ)မျိုးကိုကိုခိုင်နှင့် ကျွန်တော့်ကို မိတ်ဆက်ပေးပြီး     ဆန္ဒပြပွဲပေါင်း ၆ဝ လောက် ဆန္ဒအတူတူ ပြခဲ့ကြတယ်။

နက်ကတစ်လမ်းမှာ အတားအဆီးတွေ ပြုလုပ်ချိန်မှာ ရဲတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့မှုကြောင့် ကျွန်တော်တို့ မျိုးကို(ခ)မျိုးကိုကိုခိုင်၊ မြတ်သူ၊ သော်သော်၊ သီဟ၊ အောင်ပြည့်ခန့် တို့နဲ့အတူတူ မုတ်ကလပ်ဘက်ကို တိမ်းရှောင်ခဲ့ပါတယ်။ ၁-၅-၂ဝ၂၁ ရက်နေ့လောက်မှာ သူက  KIA မှာ သင်တန်းရှိတယ်။ သင်တန်းတက်ဖို့ဆိုပြီး ကျွန်တော့်ကိုပြောပါတယ်။ အဲဒီအချိန်ကနေပြီး ကိုသန့်ဇင်ဦးဆီက ကျွန်တော့်ကို နှစ်သိန်း ထုတ်သွားပြီး KIA သင်တန်းကို  သွားတက်ဖို့ပြောပါတယ်။ ကျွန်တော်သင်တန်းက ပြန်လာပြီး ငှက်ဖျားမိပြီး ပြန်ကောင်းတဲ့အချိန်မှာ မျိုးကို(ခ)မျိုးကိုကိုခိုင်က ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့ ပဲခူး PDF အဖွဲ့ဖွဲ့စည်းပြီးသွားပြီ။ သူက ခေါင်းဆောင်ပါ။   ကျွန်တော့်ကို ထောက်ပို့နေရာ အတွက်  ပေးခဲ့ပါတယ်။ အဲအချိန် တစ်ဆက်တည်းမှာ ၇-၉-၂ဝ၂၁ မှာ Zoom  Meeting လုပ်ပါတယ်။ ဧရာဝတီဘဏ်ရဲ့  ကားလမ်းကြောင်းကို ကျွန်တော် ဖျက်သိမ်းဖို့အတွက်  သူက အစီအစဉ်စွဲခဲ့ပါတယ်။ အဲဒီမှာပါဝင်ခဲ့တဲ့ သူတွေကတော့ ကိုအောင်မျိုးသူ၊ ကိုသန့်ဇင်ဝင်း၊ မျိုးကို(ခ)မျိုးကိုကိုခိုင်(ပဲခူး PDF ခေါင်းဆောင်) ကျွန်တော် အောင်ပြည့်ခန့်တို့ Zoom Meeting မှာပါဝင်ခဲ့ပါတယ်။ Zoom Meeting လုပ်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ပါဝင် ဆွေးနွေးခဲ့တာကတော့ မျိုးကို(ခ)မျိုးကိုကိုခိုင်က ကျွန်တော်တို့ကို ကားကို ဖမ်းတားမယ်ဆိုရင် ရဲယူနီဖောင်း လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ ရဲယူနီဖောင်းနဲ့လုပ်မှ   ကျွန်တော်တို့ လုပ်လို့ရမယ်။ အဆင်ပြေမယ်လို့ ပြောပါတယ်။ ဘဏ်ကို တိုက်ရတဲ့ အကြောင်းရင်းက ဘာကြောင့်လဲ ဆိုတော့ ပဲခူးမြို့အတွက် ပိုက်ဆံလိုအပ်လို့ ဆိုပြီး ဘဏ်ကိုတိုက်ခိုင်းပါတယ်။ မျိုးကို(ခ) မျိုးကိုကိုခိုင်ရဲ့ခိုင်းစေမှုကြောင့် ကျွန်တော်က ရဲယူနီဖောင်းသုံးစုံကို CDM လုပ်ထားတဲ့ ရဲတပ်ကြပ် ကိုသိန်းနိုင်ရဲ့ဇနီးဆီမှ  ကိုသိန်းနိုင်ရဲ့ ရဲဝတ်စုံသုံးစုံကို ငှားခဲ့ပါတယ်။ ၉-၉-၂ဝ၂၁ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှာ မမြင့်မြင့်နိုင်မှ ကျွန်တော့်ကို ရဲဝတ်စုံသုံးစုံ လာပေးခဲ့ပါတယ်။ ကျွန်တော်တို့ ဘဏ်ဓားပြ မတိုက်ခင် ၁၂-၉-၂ဝ၂၁ ရက်နေ့ညနေ ၅ နာရီတွင် Zoom Meeting လုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ မျိုးကို(ခ)မျိုးကိုကိုခိုင်က ကျွန်တော်တို့ကို တာဝန်ကိုယ်စီ ပေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ကို မျိုးကို(ခ)မျိုးကိုကိုခိုင်က ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ်၊ ရန်နိုင်ရယ်ကို ရဲဝတ်စုံသုံးစုံဝတ်ဖို့ မှာကြားခဲ့ပါတယ်။ ကုလားကြီးကိုကျတော့ မော်တော်ပီကယ် ဝတ်စုံဝတ်ဖို့ ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်ကနေပြီး မော်တော်ပီကယ်ဝတ်စုံ မရှိတဲ့အကြောင်း ပြောကြားခဲ့တယ်။ အဲဒီအချိန်မှာ သူစီစဉ်ပေးမယ်ဆိုပြီး ကမ်းနားလမ်းက သူ့သူငယ်ချင်းကို ဖုန်းဆက်ပြီးတော့ ကျွန်တော့်ကို ယူခိုင်းပါတယ်။ နောက်ပြီးကျတော့ အောင်ပြည့်ခန့်ကို ဘဏ်ကားလာမယ့် လမ်းကြောင်းကြည့်ဖို့ တာဝန်ပေးခဲ့ပါတယ်။    ငပန်ကျတော့ မြတ်စတားနားက နေရာမှာချထားပေးခဲ့ပါ တယ်။ အင်းတကော်နားမှာ ကျတော့ ရွှေပြည့်ကို ဟိုဘက်ကနေပြီး ရဲကားတွေ၊ စစ်ကားတွေ လာ၊ မလာကို ဖုန်းဆက်ဖို့ တာဝန်ပေးခဲ့ပါတယ်။ အားလုံးကို တာဝန်ပေးခဲ့တာကတော့ မျိုးကို(ခ)မျိုးကိုကိုခိုင်က စီမံခန့်ခွဲပြီး တာဝန်ပေးခဲ့ပါတယ်။    ကျွန်တော့်ကို ရန်လင်းထွေးက နေပြီး ဖုန်းဆက်ပါတယ်။

ဘဏ်ကားရောက်နေပြီ မြန်မြန်ပြန်လာခဲ့ ဆိုပြီး ဖုန်းဆက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်  မြန်မြန်ပြန်သွားခဲ့ပါတယ်။ ကျွန်တော့်အိမ်မှာ   ရန်လင်းထွေးရယ်၊ အောင်ပြည့်ခန့်ရယ်  ရောက်နေပါပြီ။ ကျွန်တော်ရောက်ပြီးတဲ့ နောက်မှာ ကုလားကြီးက ကားနဲ့လိုက်ခဲ့ပါတယ်။   ကားပေါ်ကို ကျွန်တော် ယူနီဖောင်းဝတ်စုံနဲ့   သေနတ် နှစ်လက်ကို တင်ပေးလိုက်ပါတယ်။ အောင်ပြည့်ခန့်ရယ်၊  ကုလားကြီးရယ် ကားနဲ့အရင်ထွက်သွားပါတယ်။ ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ်က ဆိုင်ကယ်နဲ့ နောက်က လိုက်ခဲ့ပါတယ်။ သွားတဲ့လမ်းကြောင်းကတော့ စက်မှုဇုန်လမ်းဘက်က ထွက်ပြီးသွားပါတယ်။

ကျွန်တော်တို့ တစ်နာရီ ဝန်းကျင်လောက်မှာ ဓားပြတိုက်မယ့် နေရာကို ရောက်ခဲ့ပါတယ်။ မျိုးကို(ခ)မျိုးကိုကိုခိုင်ရဲ့ စီမံပေးတဲ့နေရာကိုရောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ နောက်ကနေပြီး ရန်နိုင်နဲ့ကျော်ကြီးတို့က ဆိုင်ကယ်နဲ့ ကျွန်တော်တို့ဆီကို ရောက်လာပါတယ်။ ဓားပြတိုက်မယ့် ၁ဝ မိုင်ကုန်း ပတ်ချာလည်ကို ကားရောက်ပါတယ်။ ရောက်တဲ့အချိန်မှာ ကျွန်တော်တို့ ရဲယူနီဖောင်းကို အကုန်လုံး ကိုယ်စီဝတ်ကြပါတယ်။ ကုလားကြီးက မော်တော်ပီကယ် ဝတ်စုံဝတ်ပြီး ရှေ့မှာစောင့်နေတဲ့အချိန် ကျွန်တော်ရယ်၊ ရန်နိုင်ရယ်၊  ရန်လင်းထွေးရယ်က ရဲယူနီဖောင်း ကိုယ်စီဝတ်ပြီး သေနတ်ကိုတော့ ရန်လင်းထွေးရယ်၊ ရန်နိုင်ရယ်က ကိုင်ထားပါတယ်။ ကိုင်ထားပြီးတဲ့အချိန် တစ်နာရီခွဲလောက်မှာ ဧရာဝတီဘဏ်ရဲ့ ကားကလာပြီး ကုလားကြီးက တားလိုက်ပါတယ်။ တားတဲ့အချိန်မှာ ကျွန်တော်တို့ ရှေ့တည့်တည့် ကားရောက်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က နေပြီး ကားခေါင်းခန်းကိုသွားပြီး သူတို့ရဲ့ပါလာတဲ့ လိုင်စင်တွေ၊ မှတ်ပုံတင်တွေ ပြည်ဝင်ခွင့် ထွက်ခွင့်ကတ်တွေတောင်းပြီး ကားထဲကလူတွေ အကုန်လုံးကို ဆင်းခိုင်းလိုက်ပါတယ်။ ဆင်းခိုင်းပြီးတော့ ကျွန်တော့်ကားရဲ့နောက်ဖုံးကိုဖွင့်ပြီး သူတို့ကိုအဲဒီမှာ တက်ခိုင်းလိုက်ပါတယ်။  အဲဒီအချိန်မှာ ရန်နိုင်နဲ့ကျော်ကြီးက ပထမကားမှာ ပါလာတဲ့ လူနှစ်ယောက်ကို ကြိုးတွေချည်၊ ပါးစပ်တွေပိတ်၊ မျက်လုံးတွေ ပိတ်ပြီး တုပ်ပါတယ်။

ဒုတိယကားကိုကျတော့ ရန်လင်းထွေးရယ်၊ အောင်ပြည့်ခန့်တို့က ပါလာတဲ့လူသုံးယောက်ကို မျက်လုံးတွေ    ပဝါတွေစည်းပြီး ကားနောက်ခန်းထဲမှာ ထည့်ထားပါတယ်။

အဲဒီအချိန်မှာ ကုလားကြီးက ကားမောင်းလာပြီး ကားချင်းဖင်တေ့ပြီး ကားနှစ်စီးမှာပါသမျှ ပိုက်ဆံတွေ အကုန်တင်ပြီးတော့ ကျွန်တော်တို့ အကုန်လုံး ယူနီဖောင်းတွေချွတ်ပြီးတော့ ပြန်ကြပါတယ်။ ကျွန်တော်တို့ ဓားပြတိုက်ပြီး ပိုက်ဆံတွေ တင်ထားတဲ့ကားနဲ့ ကုလားကြီးနဲ့ အောင်ပြည့်ခန့်တို့က အရှေ့ကနေ သွားပါတယ်။ ဆိုင်ကယ်နဲ့ကျတော့ ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ် နောက်ကနေ လိုက်ပါသွားပါတယ်။ နောက်ထပ် နှစ်ယောက်ကတော့ ကျော်ကြီးနဲ့ ရန်နိုင်က ဆိုင်ကယ်နဲ့ သူတို့အိမ်ပြန်သွားပါတယ်။ ကျွန်တော်တို့ဓားပြတိုက်ပြီး   ပိုက်ဆံတွေ တင်ထားတဲ့ကားနဲ့ ကျွန်တော်တို့ဆိုင်ကယ်နဲ့ ဓမ္မဒူတမဂ္ဂင်ကျောင်းကို ကျွန်တော်တို့ သွားခဲ့ပါတယ်။ အဲဒီကျောင်းရောက်တဲ့ အချိန်မှာ ဒေါ်ဥပ္ပသမာနဲ့ ဒေါ်ဓမ္မစာရီ    ဆွမ်းစားကျောင်းထဲက ခုတင်ပေါ်ကို ဓားပြတိုက်လာတဲ့ ပစ္စည်း တွေ အကုန်လုံး တင်ခဲ့ပါတယ်။ တင်ပြီးတော့ ကျွန်တော်တို့  GPS  ပါ၊ မပါ ပိုက်ဆံအိတ်တွေကို အကုန်လုံးဖြေပြီး စစ်ခဲ့ပါတယ်။ စစ်ပြီးတဲ့နောက်မှာ ကုလားကြီးကို ပြန်လွှတ်လိုက်ပါတယ်။    ပြန်လွှတ်တဲ့ အချိန်မှာ ကျွန်တော်တို့ ကျော်ကြီးရယ်၊ ရန်နိုင်ရယ်၊ ကုလားကြီးရယ်တို့အတွက် ပိုက်ဆံသိန်း၆ဝဝ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံအိတ်တွေပြန်စီပြီး ပြန်ထည့်တဲ့အချိန်မှာ ဂုန်နီအိတ်က ပြဲနေတဲ့အတွက်  ကျွန်တော်တို့ပါလာတဲ့ ကျန်ကျောင်းအိတ် အမည်းတွေနဲ့ ပိုနေတဲ့ ပိုက်ဆံအိတ်တွေကို အထုပ်ထုပ်ပြီး ထည့်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ ပိုနေတဲ့ပိုက်ဆံသိန်း ၇ဝဝ ကို ကျွန်တော်က သိန်း ၄ဝဝ၊ အောင်ပြည့်က သိန်း ၃ဝဝ ကိုယ်စီယူပြီးတော့ ဆိုင်ကယ်ဘောက်ထဲကို ထည့်ထားပါတယ်။ ကုလားကြီးကို လာခေါ်ဖို့ ဖုန်းဆက်ခဲ့ပါတယ်။ ကုလားကြီး ရောက်လာပြီး ကျွန်တော့်ပိုက်ဆံသိန်း ၄ဝဝ၊ အောင်ပြည့်ခန့် သိန်း ၃ဝဝ တို့ကို ကိုယ်စီယူပြီး ဆရာလေးကျောင်းက ထွက်သွားခဲ့ပါတယ်။ တိုက်လာသမျှ ပိုက်ဆံတွေအားလုံးနဲ့ လက်နက်ခဲယမ်း ပစ္စည်းအားလုံးကို ဆရာလေးကျောင်းမှာပဲ ထားခဲ့ပါတယ်။ ဆရာလေး ကျောင်းကနေပြီး ကျွန်တော်တို့လေးယောက် အိမ်ကိုပြန်ခဲ့ပါတယ်။   အိမ်ရောက်ပြီးတဲ့အချိန်မှာ ကုလားကြီးက ၅ မိနစ်နေပြီး ပြန်သွားပါတယ်။ အဲဒီအချိန်မှာ ဆရာလေးကျောင်းမှ ကျွန်တော်တို့ ယူလာတဲ့ ပိုက်ဆံသိန်း ၇ဝဝ ကို ဝေစုခွဲကြပါတယ်။ ငပန်က သိန်း ၁ဝဝ၊ ရွှေပြည့်က သိန်း ၁ဝဝ၊ ကျန်တဲ့ သိန်း ၅ဝဝ ကတော့ ကျွန်တော်ရယ်၊ အောင်ပြည့်ခန့်ရယ်၊ ရန်လင်းထွေးရယ် သုံးယောက်ခွဲယူဖို့ စီစဉ်ထားပါတယ်။ ကျွန်တော် ရေမိုးချိုး စားသောက်ဖို့ထိုင်ပြီး လိုင်းသုံးနေတဲ့ အချိန် ၈ နာရီခွဲလောက်မှာ   ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးမှုကို   ကျွန်တော်ရယ်၊ ရန်လင်းထွေးရယ်၊  အောင်ပြည့်ခန့်ရယ် သုံးယောက်က တစ်ခါတည်း အဖမ်းခံခဲ့ရပါတယ်''ဟု စည်သူဖြိုးက ပြောသည်။

''ကျွန်တော့်နာမည်ကတော့ ဟန်ဝင်းဇော် (ခေါ်) ကုလားကြီးဖြစ်ပါတယ်။ မှတ်ပုံတင် နံပါတ်က ၁ဝ/ကထန(နိုင်)၁၈၄၁၂၃ ဖြစ်ပါတယ်။ မီးရထားဝန်ထမ်း တစ်ယောက်ဖြစ်ပါတယ်။ အခု နောက်ပိုင်းမှာ CDM လုပ်ပြီးတော့ ကယ်ရီမောင်း၊ ကားအော်ဒါ လိုက်နေပါတယ်။ နေရပ်လိပ်စာကတော့ ပဲခူးမြို့၊ မဇင်း ၁ လမ်း၊ မီးရထားဝင်း ဝန်ထမ်းအိမ်ရာမှာနေထိုင်ပါတယ်။ ကျွန်တော် ပဲခူးမြို့၊   မီးရထားစက်ခေါင်းရုံ တွဲပြင်ဌာနမှာ    လုပ်သားတွဲမှီးနဲ့ တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။  တပ်မတော်အာဏာထိန်းပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော် CDM ဝင်ခဲ့ပါတယ်။ CDM ဝင်ပြီးတဲ့နောက်ပိုင်းမှာ မိသားစုမပြေလည်တဲ့အတွက် အလုပ်အကိုင်အဖြစ်    ကယ်ရီမောင်းဖို့အတွက် ညီအစ်ကိုတစ်ဝမ်းကွဲ တော်သည့် စည်သူဖြိုးထံမှာ သွားရောက်ပြီးတော့ အလုပ်တစ်ခုခုရှိရင်ခေါ်ဖို့အတွက်   ပြောဆိုခဲ့ပါတယ်။ စည်သူဖြိုး ကျွန်တော့်ကို မိတ်ဆက်ပေးလို့ အောင်ပြည့်ခန့်(ခေါ်) နိုင်နိုင်နဲ့ ရင်းနှီးခဲ့ပါတယ်။   ၉ လပိုင်း ၁၂ ရက်နေ့ ညနေမှာ ကျွန်တော့်ဆီကို နိုင်နိုင်(ခေါ်)အောင်ပြည့်ခန့် ရောက်ရှိလာပြီးတော့ အလုပ်လုပ်စရာရှိတယ်။          

ကားတစ်စီး စီမံဖို့အတွက်ကို လာရောက် ပြောဆိုပါတယ်။   ၉ လပိုင်း ၁၂ ရက်နေ့ ညမှာပဲ ကားရောက်ရှိကြောင်းကို ကျွန်တော်သူ့ကို ဖုန်းဆက်ပြီးတော့ အကြောင်းကြားခဲ့ပါတယ်။ နောက်နေ့ ၁၃ ရက်နေ့မနက်မှာ ကျွန်တော့်အိမ်ကို မနက် ၇ နာရီလောက်မှာ လာရောက်ပြီး   ကားအဆင်ပြေလားလို့ လာမေးလိုက်ရာမှာ ကျွန်တော်က ၁ဝ နာရီမှာ ကားရမယ်ဆိုတဲ့ အကြောင်း ပြောခဲ့ပါတယ်။   ဒါနဲ့သူက သူဖုန်းဆက်တဲ့အချိန်ကျရင်    သူ့ဆီကိုကားနဲ့လာဖို့အတွက် ကျွန်တော့်ကိုပြောသွားပါတယ်။ ပြီးတော့ ဦးလေး(ခေါ်) ဦးမြင့်သောင်ဆီမှာ ဖုန်းဆက်ပြီး Hijet အဖြူရောင်ကားကို  မဇင်း ၁ လမ်းထိပ်မှာ သွားယူခဲ့ပြီးတော့   စရံငွေအဖြစ် တစ်သောင်းပေးခဲ့ပါတယ်။ ကားငှားခကတော့ ၃ဝဝဝဝ ကျပ်ဖြစ်ပါတယ်။ ၉ လပိုင်း ၁၃ ရက်နေ့ ၁၁ နာရီ ၁၅ မှာ အောင်ပြည့်ခန့်က ကျွန်တော့်ကိုဖုန်းဆက်ပြီး လာရပြီဆိုတဲ့ အကြောင်း၊ မဟာစေတီမှာရှိတဲ့ စည်သူဖြိုးတို့အိမ်ကို   လာလို့ရပြီဆိုတဲ့ အကြောင်း ဖုန်းဆက်ပြီး    လှမ်းအကြောင်းကြားလို့ ကျွန်တော် ကားနဲ့မဟာစေတီတန်းလျား စည်သူဖြိုးတို့အိမ်ကို  ရောက်ရှိခဲ့ပါတယ်။ အိမ်ရှေ့ရောက်ရောက်ချင်းမှာ အောင်ပြည့်ခန့်က အထုပ်နဲ့၊ လူနဲ့ ကားပေါ်ကို တင်ဆောင်ပြီး  ကျွန်တော်နဲ့အတူတူ မြို့ရှောင်လမ်း တန်းတန်းအတိုင်း သာယာအေးအကျော် ပိုက်ဆံလုမည့်ဆီသို့     ကျွန်တော်တို့ ရောက်ရှိခဲ့ပါတယ်။ ကျွန်တော်ကားရောက်ပြီး အချိန်မှာ  ရန်လင်းထွေးနဲ့ စည်သူဖြိုး ဆိုင်ကယ်တစ်စီးနဲ့ ရောက်ရှိလာပါတယ်။ နောက်ပြီး  ရန်နိုင်နဲ့ ကျော်ကြီးဆိုင်ကယ် တစ်စီးနဲ့ရောက်ရှိလာပါတယ်။ ကျွန်တော်တို့ ဓားပြတိုက်မည့် နေရာကိုရောက်ပြီးတဲ့ အချိန်   ကားပေါ်ကပါလာတဲ့ အထုပ်ကို ဖြေလိုက်တဲ့အချိန်မှာ သေနတ်နှစ်လက်နဲ့ ယူနီဖောင်းတွေကို တွေ့ပါတယ်။ ရဲယူနီဖောင်းတွေကို ရန်လင်းထွေးရယ်၊ စည်သူဖြိုးရယ်၊ ရန်နိုင်ရယ်က ဝတ်ပါတယ်။ ပြီးတော့ ရန်နိုင်နဲ့ ရန်လင်းထွေးနဲ့က သေနတ်နှစ်လက်ကို တစ်ယောက်တစ်လက်စီ ကိုင်ပါတယ်။ ကျွန်တော့်ကိုကျတော့ မော်တော်ပီကယ် ဝတ်စုံဝတ်ခိုင်းလို့ ကျွန်တော် မော်တော်ပီကယ်ဝတ်စုံဝတ်ပါတယ်။   အောင်ပြည့်ခန့်က ကျွန်တော့်ကို ကားတားရမည့်  ကားနံပါတ်များကို ပြပါတယ်။ ကျွန်တော်က ကားနံပါတ်တွေကို မကြည့်နိုင်ဘူး၊   မကြည့်တတ်ဘူးဆိုတဲ့အချိန်မှာ    ကျွန်တော်သိတယ်၊ ကျွန်တော်ပြမယ်လို့ပြောလို့  ကားလာတဲ့ အချိန် သူပြတဲ့အချိန်မှာ ကျွန်တော့်ကားကို လမ်းဘေးကို  ထိုးရပ်ခိုင်းလိုက်ပါတယ်။

ကားတွေ လမ်းဘေးကို ထိုးရပ်ခိုင်းပြီးတော့   ကျွန်တော်က လမ်းကြောင်းတွေ မပိတ်ဖို့ အတွက်ကို ကားလမ်းကြောင်းတွေ ရှင်းပေးခဲ့ပါတယ်။ အဲ့ဒီအချိန် ရှေ့မှာ စည်သူဖြိုးရယ်၊ ကျော်ကြီးရယ်၊ ရန်လင်းထွေးတို့ရယ်က ကားသမားတွေကို   အောက်ဆင်းခိုင်းပြီးတော့ သူတို့ရဲ့ကတ်တွေ ဖုန်းတွေကို သိမ်းဖို့အတွက် လုပ်ပါတယ်။    နောက်မှာ အောင်ပြည့်ခန့်နဲ့ ရန်နိုင်နဲ့က ရှေ့ကားမှာ ရှေ့ကလူတွေနဲ့သွားပြီး     စကားပြောဖို့အတွက်ကို နောက်ကားမှာပါတဲ့ ဝန်ထမ်းတွေကို   ရှေ့ကားကိုလွှတ်လိုက်ပါတယ်။

အဲ့ဒီမှာ ဖုန်းတွေ၊ ကတ်တွေ သိမ်းပြီးတော့ ဝန်ထမ်းတွေ အားလုံးကို ကားရဲ့အနောက်ခန်းထဲကို ထည့်ပြီး တိပ်တွေနဲ့ လက်ပြန်ကြိုးတုပ်၊ ပါးစပ်တွေပိတ်တာတွေ လုပ်ဆောင်နေပါတယ်။ ဝန်ထမ်းတွေကို လက်ပြန်ကြိုးတုပ်ပြီး ကားပေါ်မှာ တင်ထားတဲ့အခါမှာ ကျွန်တော့်ကို ယူနီဖောင်းချွတ်ပြီး ကျွန်တော့်ရဲ့  Hijet  ကားကို ရွှေ့ဖို့အတွက်ကို လှမ်းပြောခဲ့ပါတယ်။ ကျွန်တော်က ယူနီဖောင်းချွတ်ပြီး Hijet ကားကို ရှေ့ဘဏ်ကားရဲ့ ဖင်မှာတေ့ပြီး   ကျွန်တော်ရပ်ပေးလိုက်ပါတယ်။   အဲ့ဒီမှာ ရန်လင်းထွေးနဲ့ စည်သူဖြိုး၊   ကျော်ကြီး၊   ရန်နိုင်တို့က ကျွန်တော့်ကားပေါ်ကို ပိုက်ဆံအိတ်တွေ တင်ပါတယ်။  တင်ပြီးလို့ ပြီးလည်းပြီးရော ကျွန်တော်နောက်ကားကို ထပ်ရွှေ့ဖို့အတွက် လုပ်ပါတယ်။ နောက်ကားကို ဖင်ထပ်တေ့ဖို့ လုပ်ပါတယ်။ ထပ်တေ့တဲ့အချိန်မှာ ရန်လင်းထွေး၊ စည်သူဖြိုး၊ ကျော်ကြီး၊ ရန်နိုင်၊ အောင်ပြည့်ခန့် သူတို့ငါးယောက်က  ထပ်တင်ပါတယ်။ တင်ပြီးတဲ့အချိန်မှာ ကျွန်တော့်ကို ကားမောင်းဖို့အတွက် အောင်ပြည့်ခန့်က အနောက်ကနေ လှမ်းပြောပါတယ်။  ဘဏ်ကားပေါ်က    ပိုက်ဆံတွေတင်ပြီးတော့ ကျွန်တော်   ကားကို မောင်းတဲ့အချိန်မှာ အောင်ပြည့်ခန့်က    ကျွန်တော့်ကားရဲ့ အနောက်မှာ တက်စီးလာပါတယ်။ ကျွန်တော်က ရှေ့ကနေ    ကားကိုမောင်းပါတယ်။ ကျွန်တော်မောင်းလာတဲ့အချိန်မှာ ကျွန်တော့်ကားကို ရန်လင်းထွေးနဲ့ စည်သူဖြိုးတို့ကကျွန်တော့်ကားကို   ကျော်သွားပါတယ်။ ကျွန်တော်က အဲ့ဒီအချိန်မှာ  တိုးဂိတ်ကို ကျော်ဖို့အတွက် စက်မှုဇုန်လမ်းထဲကို ဝင်ခဲ့ပါတယ်။   ကားမှာပိုက်ဆံတွေ အကုန်လုံး ပါလာတဲ့အတွက် ကားက နည်းနည်းလေး ဝိတ်ရှိတော့ ကျွန်တော်ဖြည်းဖြည်းချင်းမောင်းဝင်ပြီး မြို့ရှောင်လမ်းကို ရောက်ရှိခဲ့ပါတယ်။

မြို့ရှောင်လမ်းရောက်တော့  ဓမ္မဒူတမဂ္ဂင် ဆရာလေးကျောင်းထဲသို့  ကျွန်တော့်ကို မောင်းဝင်ဖို့အတွက်   အောင်ပြည့်ခန့်က အနောက်ကနေ ညွှန်ကြားခဲ့ပါတယ်။ ရန်လင်းထွေးနဲ့ စည်သူဖြိုးတို့က ဆိုင်ကယ်နဲ့သွားပြီးတော့ ဓမ္မဒူတမဂ္ဂင် ဆရာလေးကျောင်းကိုအရင်ရောက်ရှိနေပါတယ်။ အောင်ပြည့်ခန့်နဲ့ ကျွန်တော်နဲ့   ပိုက်ဆံတွေ တင်ပြီးသွားတဲ့ကားကတော့ ၂ နာရီလောက်မှ ဆရာလေးကျောင်းကို ရောက်ရှိပါတယ်။ ဆရာလေးကျောင်းမှာ ပိုက်ဆံအိတ်တွေကို ဆွမ်းစားဆောင်ပေါ်သို့ ဝိုင်းချပြီးတော့   ကားကို ပြန်အပ်ဖို့အတွက်  ဆရာလေးကျောင်းမှ ကျွန်တော်ပြန်ထွက်ခဲ့ပါတယ်။ မဇင်း ၁ လမ်းထိပ်မှာ ကျွန်တော် ကား owner ကိုပိုက်ဆံနှစ်သောင်းနဲ့ ကားကိုပြန်ပြီးတော့ အပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်အိမ်သို့ပြန်ခဲ့ပါတယ်။ ၄ နာရီကျော်မှာ ကျွန်တော့်ကို စည်သူဖြိုးဖုန်းဆက်လို့ စည်သူဖြိုးအိမ်မှာ အောင်ပြည့်ခန့် ဆိုင်ကယ်ကိုယူပြီးတော့ မြို့ရှောင်လမ်းက ဓမ္မဒူတမဂ္ဂင် ဆရာလေးကျောင်းမှာ သူတို့ကို သွားရောက်ကြိုခဲ့ပါတယ်။ ကြိုပြီး စည်သူဖြိုးကို သူ၏အိမ်သို့ ပြန်ပို့ခဲ့ပြီး  ကျွန်တော် ကျွန်တော့်အိမ်သို့ ပြန်ခဲ့ပါတယ်''ဟု  ဟန်ဝင်းဇော်  (ခေါ်)ကုလားကြီးက ပြောသည်။