ပဲနွယ်ကုန်းမြို့၊ သတိပဌါန်လမ်း၌ ဆူပူအကြမ်းဖက်သူများက လမ်းများပိတ်ဆို့မှုအား လူစုခွဲရာမှ လက်နက်ကိုင်ဆောင်ထားသူများအား ဖမ်းဆီးရမိ 

 

ပဲနွယ်ကုန်းမြို့၊ သတိပဌါန်လမ်း၌ ဆူပူအကြမ်းဖက်သူများက လမ်းများပိတ်ဆို့မှုအား လူစုခွဲရာမှ လက်နက်ကိုင်ဆောင်ထားသူများအား ဖမ်းဆီးရမိ 

နေပြည်တော်၊ မတ် - ၂၇ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ သတိပဌါန်ရပ်ကွက် ၊ သတိပဌါန်လမ်း၌ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် ဆူပူအကြမ်းဖက်သူ အင်အား ၈၀ ဦးခန့်သည် ဆိုင်ကယ် ၄၀ စီးခန့်ဖြင့် လမ်းအားပိတ်ဆို့၍ အများပြည်သူသွားလာရေးကို နှောင့်ယှက် ခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေးပျက်ပြားအောင် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ ဖြေလျော့ရေးလုပ်ငန်းစဉ်များကို ဥပဒေ နှင့်အညီ ဆောင်ရွက်ခဲ့သည်။ 

ထိုသို့ ဥပဒေနှင့်အညီဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများအနက်မှ ဆိုင်ကယ်စီးနင်းလျက်ရှိသည့် အမျိုးသား ၂ ဦးသည် သိုဝှက်၍ယူဆောင်လာသော ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးရန်ပြုလုပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီတားဆီးထိန်းသိမ်းခဲ့ရာ ဆိုင်ကယ်တိမ်းမှောက်သွားခဲ့ပြီး ကျော်ကျော်သက်(ဘ) ဦးအောင်မြင့် အသက် ၄၂ နှစ်၊ ဖိုးကျော်(ဘ)(စိစစ်ဆဲ)အသက် ၄၃ နှစ်တို့ ၂ ဦးအား ခြောက်လုံးပြူး ၁ လက်၊ ၎င်းင်းကျည်ခြောက်တောင့်တို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ရပြီး ထိုသို့ ဖမ်းဆီးထိန်းသိမ်းမှုနှင့် ဆိုင်ကယ်တိမ်းမှောက်မှုများကြောင့် ကျော်ကျော်သက်နှင့် ဖိုးကျော်တို့ ၂ ဦးတွင်ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ကျောက်တံခါးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ကျောက်တံခါးပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ဆေးကုသပေးခဲ့သော်လည်း ကျော်ကျော်သက် သည် ဆိုင်ကယ်တိမ်းမှောက် မှုကြောင့် ဦးခေါင်းတွင် ရရှိဒဏ်ရာတို့ဖြင့်နံနက် ၇ နာရီခန့်တွင် သေဆုံးသွားခဲ့ကြောင်းနှင့် သေဆုံးမှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။