ပြင်ဦးလွင်မြို့နယ်ရှိ ဝက်ဝံကျေးရွာပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆူပူအကြမ်းဖက်များလုပ်ဆောင် ရာတွင်အသုံးပြုသည့်ပစ္စည်းများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

 

ပြင်ဦးလွင်မြို့နယ်ရှိ ဝက်ဝံကျေးရွာပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆူပူအကြမ်းဖက်များလုပ်ဆောင် ရာတွင်အသုံးပြုသည့်ပစ္စည်းများသယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊  မတ် - ၂၂
    
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်  ၌ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၂၁ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် မူဆယ်ဘက်မှ မန္တလေးဘက်သို့ မျိုးမင်းထက် မောင်းနှင်လာသည့် D Van   အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY- GG/----- အား ရှာဖွေစစ်ဆေးရာ လက်လုပ်သေနတ်များတွင် အပစ်ခလုတ်အဖြစ် အသုံးပြုနိုင်သော ဆက်စပ်ပစ္စည်းများဖြစ်သည့် Electric  Gas  Lgniter   ၇၂၀ ချောင်းအား လည်းကောင်း၊ ညနေ ၃ နာရီခွဲခန့်တွင် ဝင်းကို မောင်းနှင်လာသည့် AD Van  အမျိုးအစား မော်တော်ယာဉ်အမှတ်၊MDY- FF/----- အား ရှာဖွေစစ်ဆေးရာ လက်လုပ်သေနတ်များတွင် အပစ်ခလုတ်အဖြစ် အသုံးပြုနိုင်သော ဆက်စပ် ပစ္စည်းများဖြစ်သည့်  Electric  Gas  Lgniter ၅၅၂ ချောင်း၊ ဂတ်စ်အိုးခေါင်း ၉၀ ခု၊ ဂတ်စ် အိုးထိပ်တွင် လေပေါင်ချိန်သည့် Medical   Regulator  ၄၀ ခု၊ နော်ဇယ်ခေါင်း ၁၆၀ ခုနှင့် မီးရှူးမီးပန်အသေး ၁၃၀ ချောင်းအား လည်းကောင်း၊ ညနေ ၅ နာရီခွဲခန့်တွင် မြင့်သန်း မောင်းနှင်လာသည့် Mitsubishi   အမျိုးအစား မော်တော်ယာဉ် အမှတ်၊MDY- EE/-----အား ရှာဖွေစစ်ဆေးရာ မီးရှူးမီးပန်းအကြီး ၁၈ ချောင်း၊ မီးရှူး မီးပန်းအသေး ၁၈ ချောင်းကို လည်းကောင်း၊ ည ၁၀ နာရီခန့်တွင် တင်ညို မောင်းနှင်ပြီး ဝေဖြိုးထက်(ခ)ညီညီ လိုက်ပါလာ သည့် Hiace  အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY- 1F/----- အား ရှာဖွေစစ်ဆေးရာ မီးရှူးမီးပန်းအသေး ၆၂၄ ချောင်း၊ ဂျင်ကလိပြုလုပ်ရာတွင် အသုံးပြုသော ကြေးချောင်း ၁၀၀၀ ချောင်း၊ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသည့် လေးခွ ၂ လက်၊ သရေကြိုး ၄ ချောင်း၊ သံလေးသီး ၂၀၀ လုံးပါ ၂ ထုပ်၊ လေးသီး ၂၀၀ လုံးပါ ၂ ထုပ်၊ သရေကြိုး ၁၅ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အလားတူ မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့နယ်အတွင်း လုံခြုံရေးဆေင်ရွက် နေသော  တပ်ဖွဲ့ဝင်များသည် သတင်းအရ မကျည်းကန်ကျေးရွာရှိ  ဘိုသန့်နှင့် ကိုကိုအောင် တို့ ၂ ဦးနေထိုင်သည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့ ၂ ဦးမှာ နေအိမ်တွင် မတွေ့ရှိဘဲ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် လက်လုပ်ဒူးလေး ၁ လက်၊ ဓားမ ၄ ချောင်း၊ ဂျင်ကလိ ၁၁ ချောင်းတို့အား  သိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ သူများ၊ မော်တော်ယာဉ်များအား သက်ဆိုင်ရာ ရဲစခန်းသို့အပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။