ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏သတင်းထုတ်ပြန်ချက်

၂၀၂၁ ခုနှစ်၊ မတ်လ   ၇  ရက်

              ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၃ အရ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၏ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲတွင် အသုံးပြုခဲ့သည့် ဆန္ဒမဲလက်မှတ်များ ထုတ်ယူ/ ရရှိ/ သုံးစွဲ/ လက်ကျန် အခြေအနေများကို သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး တို့နှင့်အတူ မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။

              မြေပြင်စစ်ဆေးချက်များအရ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ရပ်ကွက် ၁၈ ရပ်ကွက်၊ မဲရုံပေါင်း ၈၄ ရုံ၊ ထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်အရေအတွက်မှာ ၁၇၅၇၉၆ ဖြစ်ပြီး၊ မဲပေးအသုံးပြုခဲ့သော လက်မှတ်ဖြတ်ပိုင်းများမှာ ၁၂၇၃၆၀ ၊ ကျန်ရှိရမည့် အရေအတွက်မှာ ၄၈၄၃၆ ဖြစ်သော်လည်း မြေပြင်လက်ကျန် ၄၇၄၄၇ ဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်။ မဲရုံများအလိုက် မဲလက်မှတ် အပိုများနှင့် ပျောက်ဆုံးနေမှုများ တွေ့ရှိရပြီး စိစစ် တွေ့ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-