ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ၍ လိုအပ်သည်များ လမ်းညွှန်မှာကြာ

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် ၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

နေပြည်တော် ဩဂုတ် - ၉

ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ အစည်အဝေးအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ များက တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဒေသ၏အုပ်ချုပ် ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး မွေးမြူရေး၊ စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနများအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက် များ၊ လုပ်ငန်းများဆောင်ရွက်နေမှုနှင့် တိုးတက်မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေအနေများ၊ နိုင်ငံစီးပွာရေးဖွံ့ဖြိုးတိုးတက် ရန်နှင့် တည်ငြိမ်အေးချမ်းမှုများရရှိရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဒေသတွင်းဝမ်းစာဖူလုံရေး သည်အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကို ဦးစားပေးဆောင်ရွက်၍ တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး ရေးနှင့်မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက် ရေး အတွက် ကျပ်ဘီလီယံ ၄၀၀ ကိုသီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး စိုက်ပျိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပထမဦးစားပေးအနေဖြင့် ယခုနှစ်နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုများ အတွက် နိုင်ငံတော်အနေဖြင့် ငွေကြေးစိုက်ထုတ်ဆောင်ရွက်၍ တောင်သူများစိုက်ပျိုး ရေး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည့် မြေဩဇာ၊ မျိုးနှင့် စက်မောင်းဆီများရရှိရေး စီမံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန် ဆွေးနွေးသည်။
အဆိုပါစိုက်ဧကများမှ ထွက်ရှိလာသည့် စပါးများနှင့် ပဲတီစိမ်းများကို နိုင်ငံတော် အစိုးရမှဦးစီး၍ ပြည်ပသို့တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်သွား ရန်လိုကြောင်း၊ စပါးနှင့်ပဲ များ ထွက်ရှိမှုအပေါ်မူတည်၍ အကျိုးအမြတ်များထဲမှ တောင်သူများအနေဖြင့် သင့်တော်သည့် အကျိုးခံစားခွင့် ရရှိမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် တောင်သူများအနေဖြင့် ငွေကြေးစိုက်ထုတ်ရန်လိုအပ်မှု မရှိခြင်းကြောင့် တောင်သူများ ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားပြီး အခြား လိုအပ်သည်များ လမ်းညွှန်မှာကြား၍ ညနေပိုင်းတွင် အစည်းအဝေးကို ရပ်နားလိုက် ကြောင်း သတင်းရရှိသည်။