ပြည်ပမှပြန်လည်ဝင်ရောက်လာမည့်သူများကို လက်ခံထားရှိမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စခန်းကို မင်္ဂလာဒုံမြို့နယ်၌ ဖွင့်လှစ်

ပြည်ပမှပြန်လည်ဝင်ရောက်လာမည့်သူများကို လက်ခံထားရှိမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စခန်းကို မင်္ဂလာဒုံမြို့နယ်၌ ဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ - ၁
  

ပြည်ပမှပြန်လည်ရောက်ရှိလာမည့်သူများကို လက်ခံထားရှိမည့် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အခြေခံပညာဦးစီးဌာန၊ ပညာရေးစီမံ ခန့်ခွဲမှုသင်တန်း ကျောင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစခန်း ဖွင့်ပွဲကို ယနေ့နံနက်ပိုင်း တွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြ သည်။
  

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီး (YMBA)အသင်းဒုတိယဉက္ကဋ္ဌ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးစခန်း၏ စီမံခန့်ခွဲရေးကော်မတီဉက္ကဋ္ဌ ဦးစိုးပိုင် က လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါကာကွယ်ထိန်းချုပ်ရေးစခန်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ပေးအပ်ပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးစခန်း၌  ပြည်ပမှပြန်လည် ရောက်ရှိလာမည့်သူများကို လက်ခံထားရှိသွားမည်ဖြစ်ပြီး လူဦးရေ ၃၀၀ ဦး လက်ခံ နိုင်ကာ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပါ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။