ပြည်ပမှ စားအုန်းဆီ တန်ချိန်ခုနစ်သိန်းခန့် နှစ်စဉ်တင်သွင်းနေရပြီး ပြည်တွင်း ဈေးကွက်သို့ ဖြန့်ဖြူးရာတွင် ကျန်းမာရေးနှင့်ညီညွတ်မှုရှိစေရေး ဆောင်ရွက်လျက်ရှိ

ရန်ကုန်   ဇွန်   ၁ဝ

ပြည်တွင်း၌ စားသုံးဆီဖူလုံရေး အတွက် ပြည်ပမှ ဃသကိူ  ဏသငညအ  ၈  အဆင့်ရှိ စားအုန်းဆီတန်ချိန် ခုနစ်သိန်းခန့် နှစ်စဉ် တင်သွင်းနေရပြီး ပြည်တွင်းဈေးကွက်သို့ ဖြန့်ဖြူးရာတွင် ကျန်းမာရေးနှင့် ညီညွတ်မှုရှိစေရေး  ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   စားသုံးသူရေးရာ ဦးစီးဌာန စားသုံးသူတင်သွင်းမှု ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

''မြန်မာနိုင်ငံရဲ့ စားသုံးဆီ ထုတ်လုပ်နိုင်မှုက တန်ချိန်လေးသိန်းပဲရှိတယ်။ ဒီတော့ တန်ချိန်ခုနစ်သိန်းကို ပြည်ပက နှစ်စဉ်တင်သွင်းနေရတယ်။ ဒီလိုတင်သွင်းတဲ့အခါ  ဈေးနှုန်းအားဖြင့်  စားသုံးသူ သက်သာစေဖို့  သတ်မှတ်စံချိန် Could Point 8   အဆင့်ကို

ရောက်ရင်  တင်သွင်းခွင့်ပြုတယ်။ ဒီလိုတင်သွင်းတဲ့ လုပ်ငန်းစဉ် တစ်လျှောက်ကိုလည်း ကြပ်မတ်စောင့်ကြည့်ပြီး လိုအပ်တာတွေ ဆောင်ရွက်ပေးနေတယ်။ စားအုန်းဆီက ပြည်ပကနေ  ပြည်တွင်း တင်သွင်းတဲ့အထိ စံချိန်စံနှုန်း ကိုက်ညီပြီး FDA  ခွင့်ပြုချက်အရ အဆင်ပြေတယ်။ ပြည်တွင်းကို တစ်ဆင့်ဖြန့်ဖြူးတဲ့ လမ်းကြောင်းတစ်လျှောက် အသုံးပြုနေတဲ့ ဆီပီပါခွံတွေမှာ တချို့ပီပါတွေက  အသစ်တွေမဟုတ်ဘဲ အကြိမ်ကြိမ် ပြန်သုံးထားတယ်။ သန့်ရှင်းရေးလုပ်ဖို့ အားနည်းသွားတာ ရှိတယ်။   ဒါတွေကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့   ကြီးကြပ်ဆောင်ရွက်နေပါတယ်''ဟု ၎င်းက ပြောသည်။

ယခုအခါ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန   စားသုံးသူရေးရာ ဦးစီးဌာန   စားသုံးသူ တင်သွင်းမှု ကြီးကြပ်ရေး ကော်မတီမှ ပြည်ပမှ တင်သွင်းလာသော စားအုန်းဆီများကို ဆိပ်ကမ်း၌ ကြိုတင်စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊     အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) အသိအမှတ်ပြု လက်မှတ်ရယူခြင်းများပြုလုပ်ပြီး မြန်မာနိုင်ငံ၏  သတ်မှတ်ထားသော စံချိန်စံညွှန်း ကိုက်ညီ မှုရှိမှသာ ဈေးကွက်သို့ ဖြန့်ဖြူးပေးကြောင်း  သိရသည်။

ဆိပ်ကမ်းများမှ အသိအမှတ်ပြု စားအုန်းဆီများ ပြည်တွင်းဈေးကွက် အသီးသီးသို့ ဖြန့်ဖြူးသော လမ်းကြောင်းတစ်လျှောက်တွင်  ကျန်းမာရေးနှင့် ညီညွတ်ပြီး စနစ် တကျရှိစေရန်၊ ဆီဖြန့်ဖြူးပေးသော ပီပါခွံများကို  အသစ်ဖြစ်စေရန်  သို့မဟုတ် သန့်ရှင်းရေး ပြုလုပ်ပြီးသော  ပီပါခွံများ ဖြစ်စေရန်၊   အကြိမ်ကြိမ်အသုံးပြုထားပြီး သန့်ရှင်းရေး ပြုလုပ်မှုအားနည်းသော  ပီပါခွံများ လုံးဝမဖြစ်စေရန်နှင့် ဖြန့်ဖြူးသည့် အခါတွင်   တင်သွင်းသော ကုမ္ပဏီများ သည်  ၎င်းတို့၏ မူရင်းကုန်အမှတ်တံဆိပ်ဖြင့်   အာမခံကာ  ဖြန့်ဖြူးပေးရန်တို့ကို ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်း သိရ သည်။