ပွင့်ဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဆေးဖျန်းကိရိယာ တွဲဖက်အသုံးပြုနည်း တောင်သူပညာပေး လက်တွေ့သရုပ်ပြသ

ပွင့်ဖြူမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဆေးဖျန်းကိရိယာ တွဲဖက်အသုံးပြုနည်း တောင်သူပညာပေး လက်တွေ့သရုပ်ပြသ

ပွင့်ဖြူ၊  စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ အမှတ်(၄၆)စက်မှုလယ်ယာစခန်းမှ မြို့နယ်အတွင်း ရှိ တောင်သူများ    မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်းကောင်းမွန်စေရန်၊  စက်မှုလယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုခြင်းဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကောက်စိုက်စက်ဖြင့်    ဆေးဖျန်းကိရိယာတွဲဖက်အသုံးပြုစနစ်    တောင်သူပညာပေး လက်တွေ့သရုပ်ပြပွဲကို ဇူလိုင် ၂၄ ရက် နံနက်ပိုင်းတွင်   ပွင့်ဖြူမြို့နယ်  ရွာခိုင်ကျေးရွာ   တောင်သူ  ဒေါ်တင်တင်မာ၏ မိုးစပါးစိုက်လယ်မြေ၌ကျင်းပသည်။ 

ထို့နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ကျော်စန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ တောင်သူ ဒေါ်တင်တင်မာ၏ မိုးစပါးစိုက်လယ်မြေတွင် ဧရာမင်းမျိုးစပါး သုံးဧကအား ကောက်စိုက်စက်ဖြင့် ဆေးဖျန်းကိရိယာ တွဲဖက်အသုံးပြုကိုင်တွယ်နည်းစနစ်များကို    လက်တွေ့စိုက်ပျိုးသရုပ်ပြသရာ  တက်ရောက်လာသည့် ဒေသခံတောင်သူများက စိတ်ဝင်တစားလေ့လာကြည့်ရှုကြသည်။ 

ပွင့်ဖြူမြို့နယ်တွင်   ယခုနှစ်  မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၈၇၈၃ ဧကလျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး တောင်သူများက စိုက်ပျိုးလျာထားဧက ပြည့်မီစွာစိုက်ပျိုးသွားနိုင်ရေးအတွက် မိုးနှမ်းစိုက်ခင်းများ   ရိတ်သိမ်းပြီးသည့်လယ်မြေများတွင်    မိုးစပါးသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေး မြေယာပြုပြင်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို အချို့တောင်သူများကလည်း  မြေယာပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသဖြင့်   မိုးစပါးများ ပြန်လည်စိုက်ပျိုးလုပ်ကိုင်နေကြကြောင်း သိရသည်။ 
ရဲဝင်းနိုင်(ညောင်ဦး)