ဗီယက်နမ်က မတ်လတွင် ကာကွယ်ဆေးထိုးလုပ်ငန်းကိုစတင်မည်

ဟနွိုင်း၊ ကျန်းမာရေး

ဗီယက်နမ်နိုင်ငံအနေဖြင့် မတ်လတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်မည်ဖြစ်ကာ ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ကြီးရွယ်အိုများကို ဦးစွာကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်အစိုးရသည် ယခုနှစ်အတွင်း ကာကွယ်ဆေးအလုံးပေါင်း  သန်း ၆၀ လက်ခံရရှိမည်ဟုမျှော်လင့်ရပြီး ထိုအထဲတွင် ကိုဗက်ကမ္ဘာ့ကာကွယ်ဆေးခွဲတမ်းအစီအစဉ်မှ ကာကွယ်ဆေး သန်း ၃၀ ပါဝင်သည်။

လက်ရှိတွင် အက်စထရာဇီနီကာကုမ္ပဏီမှ ဝယ်ယူထားသည့် ကာကွယ်ဆေးများအနက် ပထမအသုတ်ဖြစ် သော ကာကွယ်ဆေးအလုံးပေါင်း ၂၀၄၀၀၀ မှာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိ မည်ဖြစ်သည်။

ထို့ကြောင့် အဆိုပါကာကွယ်ဆေးများ ရောက်ရှိစစ်ဆေးပြီးပါက နိုင်ငံအတွင်း ကာကွယ်ဆေးထိုးလုပ်ငန်းကို စတင်လုပ် ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများကို သိမ်းဆည်းနိုင်မည့် အပူချိန် အနုတ် ၈၆ ဒီဂရီမှ အနုတ် ၄၀ ဒီဂရီစင်တီဂရိတ်အထိရှိသည့် အအေးခန်းများကိုလည်း ဟနွိုင်း၊ ဟိုချီမင်းနှင့် ဒါနန်းမြို့တို့၌ ပြင်ဆင်ထားပြီးဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။

ဗီယက်နမ်နိုင်ငံသည် တင်းကျပ်သော ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးစည်းကမ်းချက်များကြောင့် အဆိုပါ ရောဂါပထမအကျော့ကူးစက်မှုကို ထိရောက်စွာထိန်းချုပ်နိုင်ခဲ့သည့်နိုင်ငံဖြစ်သည်။ လူဦးရေ ၉၈ သန်းရှိသည့် ဗီယက်နမ်နိုင်ငံ၌ ပြီးခဲ့သည့်လမှစ၍ ဒုတိယအကျော့ရောဂါ ကူးစက်မှုဖြစ်ပွားနေကာ ယခု ကူးစက်မှုကို ထိန်းချုပ်ရန် အနည်းငယ်ခက်ခဲမည်ဖြစ်ကြောင်း သိရသည်။

Ref: Bangkok Post