ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့်ဆီးဂိမ်းကို တစ်နှစ်ရွှေ့ဆိုင်းထားသော်လည်း မြန်မာအားကစားအဖွဲ့များ စခန်းသွင်းလေ့ကျင့်မှု ပြုလုပ် လျက်ရှိ

ရန်ကုန်၊ အားကစား

ဗီယက်နမ်နိုင်ငံ၌    အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ၂၀၂၂  ခုနှစ်သို့ တစ်နှစ် ရွှေ့ဆိုင်းကျင်းပရန် ထုတ်ပြန်ထားသော်လည်း မြန်မာအားကစားအဖွဲ့များအနေဖြင့် စခန်းသွင်းလေ့ကျင့်မှုများ ဆက်လက် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဆီးဂိမ်းကို  အစောပိုင်းက  ယခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့၌  အခြေစိုက် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်- ၁၉ ရောဂါအခြေအနေကြောင့် အရှေ့တောင်အာရှအားကစားကောင်စီက ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်း ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဆီးဂိမ်းကို  အိမ်ရှင်အဖြစ်  လက်ခံ ကျင်းပခွင့်ရရှိထားသည့်    ဗီယက်နမ် အိုလံပစ်ကော်မတီက ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ပြိုင်ပွဲကို  ပုံမှန်သတ် မှတ်ထားသည့်အတိုင်းကျင်းပရန် အခက် အခဲများရှိနေသည့်အတွက်    ရွှေ့ဆိုင်း ကျင်းပရန်အဆိုပြုခဲ့ပြီးနောက်   အရှေ့ တောင်အာရှ   အားကစားကောင်စီက ပြိုင်ပွဲဝင်နိုင်ငံများနှင့်  အစည်းအဝေး တစ်ရပ်ကျင်းပကာ  ၂၀၂၂  ခုနှစ်သို့ ရွှေ့ဆိုင်းရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းကို ၂၀၂၂ ခုနှစ်သို့ ရွှေ့ဆိုင်း ရန်အတည်ပြုထားသော်လည်း  ကျင်းပ မည့်ကာလကို အတည်ပြုထားခြင်းမရှိသေး ဘဲ ၂၀၂၃ ခုနှစ်တွင်လည်း ကမ္ဘောဒီးယား နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပရမည့် (၃၂ ) ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ရှိနေသည့် အတွက် ၂၀၂၂ ခုနှစ်  နှစ်လယ်ပိုင်းတွင် မဖြစ်မနေကျင်းပရဖွယ်ရှိသည်။

မြန်မာအားကစားအဖွဲ့များအနေဖြင့် ဆီးဂိမ်းအတွက် အစောပိုင်းကတည်းက နေပြည်တော်နှင့်ရန်ကုန်မြို့တို့၌ သက်ဆိုင် ရာအားကစားနည်းအလိုက်   စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး  ပြိုင်ပွဲကို  တစ်နှစ်ရွှေ့ဆိုင်းခဲ့သော်လည်း စခန်းသွင်း လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်လျက်ရှိ သည်။

လက်ရှိတွင် မြန်မာအားကစားအဖွဲ့များ အနေဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့ ရှိ လေ့ကျင့်ရေးစခန်းများ၌ ပီတန်း၊ ဝူရှူး၊ လက်ဝှေ့၊ ဘိလိယက်နှင့်စနူကာ၊ တိုက် ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ ဗိုဗီနမ်၊  ဂျူဒို၊ မြားပစ်   စသည့်အားကစားနည်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထား သော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ  စခန်းသွင်း လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။

အလားတူ  ပြည်ပလေ့ကျင့်ရေးခရီး စဉ်အဖြစ်လည်း    ဆီးဂိမ်းတွင်    နိုင်ငံ အတွက်  ဆုတံဆိပ်များဆွတ်ခူးပေးနိုင် ခဲ့သည့်   လှေလှော်၊  ကနူး/ကယက်၊ အလေးမ၊   ပြေးခုန်ပစ်နှင့်   လက်ဝှေ့ အားကစားနည်းငါးမျိုးမှ အားကစားသမား ဦးရေ  ၇၀ ကျော်ဖြင့် သွားရောက် လေ့ကျင့် မှုများပြုလုပ်လျက်ရှိသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို အိမ်ရှင် အဖြစ်လက်ခံကျင်းပမည့်ဗီယက်နမ်နိုင်ငံက  အားကစား နည်း  ၄၀  ထည့်သွင်း ကျင်းပရန်သတ်မှတ်ထားပြီး    မြန်မာ အားကစားအဖွဲ့များအနေဖြင့်  အားကစား နည်း ၁၈ မျိုး ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ် ထားကြောင်း သိရသည်။          

STA