ဗုဒ္ဓကလျာဏယုဝအသင်းကြီး(YMBA)ရုံးခန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်

ဗုဒ္ဓကလျာဏယုဝအသင်းကြီး(YMBA)ရုံးခန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲ ပြုလုပ်
နေပြည်တော်၊ အောက်တိုဘာ - ၁၉
ဗုဒ္ဓကလျာဏယုဝအသင်းကြီး(YMBA)ရုံးခန်းဖွင့်ပွဲနှင့် အလှူငွေပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် မြောက်ဘက်မုဒ်ရှိ YMBA ဓမ္မာရုံ၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ YMBA အသင်း ဉက္ကဌ ဦးရဲထွန်း နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်နှင့် YMBA အသင်း ဉက္ကဌတို့က YMBA ရုံးခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် အလှူငွေပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အလှူရှင်များက လှူဒါန်းသော အလှူငွေများကို ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်ခံရယူကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေကျပ် ၂၅ သိန်းကို တာဝန်ရှိသူတစ်ဦးက ပေးအပ်လှူဒါန်းရာ YMBA အသင်း ဉက္ကဌက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။