ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးYMBA ၊(သထုံမြို့နယ်)မှ (၇၆)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးYMBA ၊(သထုံမြို့နယ်)မှ (၇၆)နှစ်မြောက် တပ်မတော်နေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်

နေပြည်တော်၊ မတ် - ၉

(၇၆)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီးYMBA ၊(သထုံမြို့နယ်)မှ စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်း တွင် မော်လမြိုင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ပြုလုပ်ရာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းYMBA ၊(သထုံမြို့နယ်)အသင်း ဥက္ကဋ္ဌ ဦးထွန်းဟိန်းနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်YMBA ၊(သထုံမြို့နယ်)အသင်းဝင် သွေးလှူ ရှင်များ တက်ရောက်ကြသည်။

ဦးစွာ ကျန်းမာရေးဝန်ထမ်းများမှ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးYMBA ၊ (သထုံမြို့နယ်)၏ အသင်းဝင်သွေးလှူရှင်များအား သွေးလှူဒါန်းနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးခြင်း၊ သွေးပေါင်ချိန်ခြင်း၊ သွေးအုပ်စုခွဲခြားခြင်းများ ဆောင်ရွက်ပေး သည်။ ထို့နောက် သွေးလှူရှင်များက စုပေါင်းသွေးလှူဒါန်းကြသည်။