ဗြိတိန်က အလုပ်သမား ရှားပါးမှုကို ဖြေရှင်းရန် ယာယီအလုပ်သမား ဗီဇာ ၁ဝဝဝဝ ကျော် ထုတ်ပေးမည်

ဗြိတိန်က အလုပ်သမား ရှားပါးမှုကို ဖြေရှင်းရန် ယာယီအလုပ်သမား ဗီဇာ ၁ဝဝဝဝ ကျော် ထုတ်ပေးမည်

ဗြိတိန်နိုင်ငံက ဥရောပသမဂ္ဂမှ နုတ်ထွက်ပြီးနောက် ကြုံတွေ့နေရသော အလုပ်သမားရှားပါးမှုကို ဖြေရှင်းရန်  ကုန်တင်ယာဉ်မောင်း အလုပ်နှင့်  မွေးမြူရေး အလုပ်တို့အတွက် ယာယီအလုပ်သမား ဗီဇာ ၁ဝဝဝဝ ကျော်ကို ထုတ်ပေးမည်ဖြစ်ကြောင်း အစိုးရက စက်တင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည်။

ယခုထုတ်ပေးမည့် အလုပ်သမားဗီဇာများသည် လာမည့်လမှ ဒီဇင်ဘာလ နှောင်းပိုင်းအထိသာ သက်တမ်းရှိမည်ဖြစ်သော ကာလတို ဗီဇာများသာဖြစ်သည်။

ဗြိတိန်နိုင်ငံအတွင်းရှိ လောင်စာဆီထောက်ပံ့ရေးနှင့် အခြားသော စက်မှုလုပ်ငန်းများကိုထိခိုက်လာစေသည့် ယာဉ်မောင်းများနှင့် အလုပ်သမားများ ရှားပါးမှုကို ဖြေရှင်းရန် ဝန်ကြီးများက ဆွေးနွေးတိုင်ပင်ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ပြည်ပအလုပ်သမားများကို  ဗီဇာများ ထုတ်ပေးရမှုသည် ဗြိတိန်အနေဖြင့် ပြည်ပ အလုပ်သမားများအပေါ် မှီခိုနေရမှုကို အဆုံးသတ်ရမည် ဟူသော ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် အစိုးရအဖွဲ့၏ ကတိပြုချက်ကို ပြောင်းပြန် ဖြစ်သွားစေသည်။