ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတိုင်ဒီကို အောင်လအန်ဆန်က ပထမအချီတွင်ပင် အလဲထိုးအနိုင်ရရှိ

ဘရာဇီးနိုင်ငံသား လီအန်ဒရိုအတိုင်ဒီကို အောင်လအန်ဆန်က ပထမအချီတွင်ပင် အလဲထိုးအနိုင်ရရှိ

ONE Championship က ကြီးမှူး ကျင်းပသည့်   BATTLEGROUND အမည်ရှိ MMA ပြိုင်ပွဲကို ယနေ့မြန်မာ စံတော်ချိန်ည ၇ နာရီမှစတင်ပြီး စင်ကာပူ နိုင်ငံ၌ကျင်းပရာ မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲအဖြစ် ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့်  ဘရာဇီး နိုင်ငံသား လီအန်ဒရိုအတိုင်ဒီတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ အောင်လအန်ဆန်က ပထမအချီ တွင်ပင် အလဲထိုးဖြင့်အနိုင်ရရှိခဲ့သည်။

အောင်လအန်ဆန်သည် MMA မစ်ဒယ် ဝိတ်တန်းချန်ပီယံခါးပတ်ကို သုံးနှစ်ကျော် ကြာထိန်းသိမ်းနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၃၀ ရက်က စိန်ခေါ်သူ နယ်သာလန်နိုင်ငံသား ဒီရိုင်ဒါနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာရှုံးနိမ့်ခဲ့ပြီး ချန်ပီယံ ခါးပတ်ကို လက်လွှတ်ခဲ့ရသူဖြစ်သည်။ အောင်လအန်ဆန်အနေဖြင့် ချန်ပီယံခါး ပတ်လက် လွှတ်ခဲ့ရပြီးနောက်   မစ်ဒယ်ဝိတ်တန်းစိန်ခေါ်ပွဲကို   ပထမဆုံးအကြိမ် ပြန်လည် ထိုးသတ်ခဲ့ကာ   အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် အနိုင်ရရှိသူအနေဖြင့် လက်ရှိ MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံ ဒီရိုင်ဒါကို စိန်ခေါ်နိုင်မည့် အခွင့်အရေးရှိနေသည့်အတွက် နှစ်ဦးစလုံး သေချာပြင်ဆင်ခဲ့ပြီး ပထမအချီစတင်သည်နှင့်တစ်ပြိုင်နက် နှစ်ဦးစလုံးအပြန်အလှန် လက်သီးထိုးချက်၊ ခြေကန်ချက် များဖြင့် ဖိအားပေးထိုးသတ်ခဲ့ပြီး  လီအန်ဒရိုက ချုပ်ခွင့်တစ်ကြိမ်ရရှိခဲ့ သော်လည်း အသုံးချနိုင်ခြင်းမရှိဘဲ လက်လွှတ်ခဲ့ရသည်။ အောင်လအန်ဆန်က ၎င်းအား သာသည့် ခြေကန်ချက်များ၊ လက်သီးထိုးချက်များဖြင့် စတင်ဖိအားပေး ကစားခဲ့ရာမှ အောင်လအန်ဆန်၏ အားပါပြင်းထန်သည့် လက်သီးချက်များ ဆက်တိုက် ထိခဲ့ပြီး လီအန်ဒရိုအနေဖြင့် ကာကွယ်နိုင်ခြင်းမရှိခဲ့ဘဲ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

အောင်လအန်ဆန်ပွဲစဉ်မတိုင်မီ အမျိုးသမီးပွဲစဉ်များအဖြစ် စင်ကာပူနိုင်ငံမှ ဗစ်တိုးရီး ယားလီနှင့် တရုတ်နိုင်ငံမှ လူပင်းတို့ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဗစ်တိုးရီးယားလီက ပထမအချီ အလဲထိုးဖြင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံမှ ရတုဖိုးဂတ်နှင့် တရုတ်နိုင်ငံမှ လင်ဟွိုင်းတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ရတုဖိုးဂတ်က ဒိုင်မှတ်ဖြင့်လည်းကောင်း၊ အမျိုးသား ပွဲစဉ်များ အဖြစ် တရုတ်နိုင်ငံမှ ချင်းယူရီနှင့် ဖိလစ်ပိုင်နိုင်ငံမှ ဂျာမိုင်ပါကာတိုင်တို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဂျာမိုင်ပါကာတိုင်က ဒိုင်မှတ်ဖြင့်လည်းကောင်း၊ ဂျပန်နိုင်ငံမှ ဆာဝါဒါနှင့် အီတလီနိုင်ငံမှ ဘယ်လာရက်စ် တို့ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ဘယ်လာရက်စ်က လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲတွင် စထရောဝိတ်တန်းကမ္ဘာ့မွေထိုင်း ချန်ပီယံခါးပတ်ကာကွယ်ပွဲအဖြစ်  လက်ရှိ ချန်ပီယံထိုင်းနိုင်ငံသား ဆမ်အေနှင့် တစ် နိုင်ငံတည်းသားစိန်ခေါ်သူ ပရာဂျန်ချိုင်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ နောက်ဆုံးငါးချီအထိ ထိုးသတ်ခဲ့ပြီး စိန်ခေါ်သူ ပရာဂျန်ချိုင်က ဒိုင်မှတ်ဖြင့်အနိုင်ရရှိခဲ့ကာ ချန်ပီယံခါးပတ် ကိုရရှိခဲ့ကြောင်း သိရသည်။   

STA