ဘာစီလိုနာအသင်းမှ ရောင်းချမည့် ဘရစ်ဝှိုက်ကို ပရီးမီးယားလိဂ်ကလပ် အသင်းများက  ကမ်းလှမ်းဖွယ် ရှိနေ

ဘာစီလိုနာအသင်းသည် လာမည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင်   အရောင်းစာရင်း တင်သွင်းထားသည့် တိုက်စစ်မှူးဘရစ်ဝှိုက်ကို ပရီး မီးယားလိဂ်ကလပ် အသင်းများက   ကမ်းလှမ်းဖွယ်ရှိ နေကြောင်း သိရသည်။

ဘရစ်ဝှိုက်သည် ၂ဝ၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလက လီဂါနက်စ်အသင်းမှ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်ပြီး  အသင်းတွင်   တစ်နှစ်သာကစားရသေးသော်လည်း  ဘာစီလိုနာအသင်းက  လာမည့် နွေရာသီ   ကစားသမား အပြောင်းအရွှေ့ ကာလတွင် ပြန်လည်ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းက  ဘရစ်ဝှိုက်ကို   ရာသီကြို ပြင်ဆင်မှုများမပြုလုပ်မီ ယူရိုပြိုင်ပွဲအပြီး ရောင်းချရန် ပြင်ဆင်နေခြင်းဖြစ်ကာ ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်သည့် ဝက်စ်ဟမ်း၊ ဘန်လေ၊ ဘရိုက်တန်နှင့် နောဝှစ်ချ်အသင်းတို့က  ကမ်းလှမ်းရန် ပြင်ဆင်နေပြီး ၎င်းကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ကစားဖွယ် ရှိကြောင်း သိရသည်။

Ref;Goal