ဘာစီလိုနာအသင်း ကစားသမား ပက်ဒရီနှင့် ဂျော်ဒီအယ်လ်ဘာတို့ ဒဏ်ရာအသီးသီး ရရှိပြီး အနားယူရမည့် အခြေအနေကြောင့် အသင်းအတွက် လာမည့် ပွဲစဉ်များတွင် အခက်ကြုံလာရဖွယ် ရှိနေ

ဘာစီလိုနာအသင်း ကစားသမား ပက်ဒရီနှင့် ဂျော်ဒီအယ်လ်ဘာတို့ ဒဏ်ရာအသီးသီး ရရှိပြီး အနားယူရမည့် အခြေအနေကြောင့် အသင်းအတွက် လာမည့် ပွဲစဉ်များတွင် အခက်ကြုံလာရဖွယ် ရှိနေ

  ဘာစီလိုနာအသင်း  အဓိက ကစားသမားနှစ်ဦး ဖြစ်သည့် ကွင်းလယ်ကစားသမား ပက်ဒရီနှင့် ခံစစ် ကစားသမား ဂျော်ဒီအယ်လ်ဘာတို့ ဒဏ်ရာအသီးသီး ရရှိခဲ့ပြီး အနားယူရမည့် အခြေအနေများကြောင့် ဘာစီလိုနာ အသင်းအတွက် လာမည့်ပွဲစဉ်များတွင် ထိုးနှက်ချက် ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက အသင်းမှ  အဓိက  ကစားသမားများ ထွက်ခွာခဲ့ရ မှုများနှင့်အတူ  အသင်းတွင်ရှိနေသည့် ကစားသမားများ အနေဖြင့် ဒဏ်ရာရရှိမှုများကြောင့် ရုန်းကန်နေရချိန်တွင်   ဂျော်ဒီအယ်လ်ဘာနှင့်   ပက်ဒရီတို့ပါ ဒဏ်ရာရရှိခဲ့သောကြောင့် နည်းပြကိုးလ်မန်းအတွက်  ထိုးနှက် ချက် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ယခုဘောလုံးရာသီ အစပိုင်းကတည်းက ဘာစီလိုနာ အသင်းတွင်     တိုက်စစ်ကစားသမားများ ဖြစ်သည့် အဂူရိုနှင့် ဘရိုက်ဝှိုက်၊ ဒမ်ဘီလီ၊ ဖာတီတို့ ဒဏ်ရာ အသီးသီးရရှိနေပြီး ကာလရှည် အနားယူနေခဲ့ရသကဲ့သို့ ယခုအခါတွင်လည်း ပက်ဒရီနှင့် ဂျော်ဒီအယ်လ်ဘာတို့ပါ ဒဏ်ရာ ရရှိခဲ့သည့်အတွက်   အဓိက  ကစားသမား ခြောက်ဦးအထိ ရှိနေပြီဖြစ်သည်။

လက်ရှိ ပက်ဒရီနှင့် ဂျော်ဒီအယ်လ်ဘာတို့၏ ဒဏ်ရာ အခြေအနေကို ဘာစီလိုနာအသင်းက မထုတ်ပြန်သေးသော်လည်း အနည်းဆုံး တစ်လခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။