ဘာစီလိုနာအသင်း တိုက်စစ်မှူးမက်ဆီကို နှစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဖြစ်ကြောင်း ထုတ်ပြန်

ဘာစီလိုနာ၊ ဘောလုံး

ဘာစီလိုနာအသင်းသည်  အသင်းမှ  အဓိက တိုက်စစ်မှူးမက်ဆီကို နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်  သဘောတူညီမှုရရှိပြီဟု   ထုတ်ပြန်ခဲ့ကြောင်း  သိရသည်။

ဘာစီလိုနာအသင်းနှင့် မက်ဆီတို့သည် ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အစောပိုင်းတွင် မက်ဆီကိုယ်တိုင်က     အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးလျှင် အသင်းပြောင်းရွှေ့ ရန် ဆုံးဖြတ်ထားသော်လည်း  အသင်းဥက္ကဋ္ဌသစ်အဖြစ်   လာပေါ်တာ   စတင်တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက်  ဘာစီလိုနာအသင်းနှင့်  ဆက်လက် လက်တွဲရန်ဆုံးဖြတ်ပြီး    စာချုပ်သစ်ချုပ်ဆိုရန် ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌသစ်အဖြစ်  လာပေါ်တာ ဖြစ်လာခဲ့ပြီးနောက်ပိုင်း မက်ဆီနှင့် သက်တမ်း တိုးစာချုပ် ချုပ်ဆိုရန်  ကြိုးပမ်းခဲ့ပြီး  လက်ရှိတွင် နှစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်ဖြစ်သည်။

လက်ရှိတွင်  မက်ဆီအနေဖြင့် အာဂျင်တီးနား အသင်းနှင့်အတူ ကိုပါအမေရိကဖလားပြိုင်ပွဲ ဝင်ရောက်နေသည့်အတွက်   စာချုပ်သစ် အတွက် လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ  အဆိုပါပြိုင်ပွဲ ပြီးဆုံးမှသာ တရားဝင်လက်မှတ်ရေးထိုးမည်ဖြစ်သည်။ ဘာစီလိုနာ အသင်းသည် မက်ဆီကို စာချုပ် သစ်ချုပ်ဆိုရန်    သဘောတူညီမှုရရှိခဲ့ပြီးနောက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်  ကိုက်ညီစေရန် အသင်း မှ မြင့်မားသည့်    လုပ်ခလစာပေးချေနေရသည့် ကော်တင်ဟိုနှင့် ပီယာနစ်တို့ကို မဖြစ်မနေရောင်းချ မည်ဖြစ်ကြောင်း သိရသည်။

Ref;Marca