ဘုန်းတော်ကြီးကျောင်းများ၊ ပြည်သူ့ဆေးရုံများနှင့် အခြေခံပညာကျောင်းများ၌ သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

 
နေပြည်တော်၊ ဇူလိုင် - ၃

 
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများ၊ ပြည်သူ့ ဆေးရုံများနှင့် အခြေခံပညာကျောင်းများ၏ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အတွက် တိုင်းစစ်ဌာနချုပ်များအလိုက် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။

 
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂ ရက်နှင့် ယနေ့တို့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အောက်ရွာဘုန်းတော်ကြီးကျောင်းတို့၌ နယ်မြေခံတပ်မတော်သားများက ချုံနွယ်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများဖောက်လုပ်ပေးခြင်း၊ စာသင်ဆောင်အတွင်း၊ အပြင်သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင် ပေးခြင်းတို့ကို စုပေါင်းဆောင် ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။