ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်း

 
နေပြည်တော်၊ ဇူလိုင် - ၂၀

 
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

 
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းကန်ဦးကျောင်းတိုက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက်ရှိ မြေမြင့်ဗုဒ္ဓသာသနာပြုကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်နှင့် မန္တလေးမြို့၊ ချမ်းအေးသာစံ မြို့နယ်ရှိ ရတနာသိင်္ဂီဒိုက်ဦးကျောင်းတိုက်တို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများ၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။