ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၀
    
တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင်ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ပုရွက်ဆိတ်ကုန်းရပ်ကွက်ရှိ မာလာရုံကျောင်းတိုက်နှင့် အဖျောက်မြို့၊ အင်းတရာ ကျေးရွာရှိ အင်းတရာအထက်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့ရှိ သဲအင်းဂူဝိပဿနာကမ္မဌာန်းရိပ်သာတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ် ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်ရှိ သာသနာ-၂၅၀၀ ကျောင်းတိုက်၊ ရေကန်တောင်ဆုတောင်းပြည့်ကျောင်းတိုက်၊ ဇမ္ဗူအေးအေတီတပ်ဦး ပရိယတ္တိ စာသင်တိုက်နှင့် ရွှေလရောင်ပရိယတ္တိ စာသင်တိုက်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင်ကျောင်းတိုက်များရှိ သံဃာတော်များနှင့် သာသနာ နွယ်ဝင်သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာန ချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်း ကြသည်။

ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေနတ်တောင်ကျောင်းတိုက်မှ သံဃာတော်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။