ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

နေပြည်တော်၊ ဩဂုတ် - ၁၈

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့ နယ်၊ ကလိန်အောင်မြို့၊ အောင်သီရိ ဘုရားကုန်းကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တိလောကရပ်ကွက်ရှိ တိလောကပရိယတ္တိစာသင်တိုက်၊ မှော်ဘီမြို့ နယ်၊ သန္ဓေပင်ကျေးရွာရှိ သိင်္ဂီဦးပရိယတ္တိစာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဓမ္မရိပ်သာကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ညောင်နီကျေးရွာဘုန်းတော်ကြီးကျောင်း၊ ပျော်ဘွယ်မြို့နယ်၊ သာယာကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ သပိတ်ကျင်းမြို့၊ ပန်းပင်ကျေးရွာရှိ ရတနာအောင်မြေ ဘုန်းကြီးကျောင်း၊ ငဖဲမြို့နယ်၊ ရှောက်တောင်ကျေးရွာ ဘုန်းကြီးကျောင်း၊ မင်းလှမြို့ နယ်၊ ကတကျေးရွာ ဘုန်းတော်ကြီးကျောင်း၊ တောင်တွင်းကြီးမြို့နယ်၊ ကွင်းမြှောင် ကျေးရွာရှိ အောင်တော်မူဘုန်းတော်ကြီးကျောင်းနှင့် ပွင့်ဖြူမြို့နယ်၊ မကျီးစုကျေးရွာ၊ လွမ်းတောင်ဘုန်းတော်ကြီးကျောင်းတို့ရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ နေ့ဆွမ်းများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။