ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း 

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း 

နေပြည်တော်၊ ဩဂုတ် - ၂၅

    တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပျဉ်းမပင်ကျေးရွာရှိ အာယုဒီကပျိုးဉယျာဉ်စာသင်တိုက်၊ မှော်ဘီမြို့နယ်၊ သဲဖြူကျေးရွာရှိ သိင်္ဂီဦးပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ ဓမ္မပါရဂူပါဠိတက္ကသိုလ်ကျောင်းတိုက်၊ ဘုရားကြီးရပ်ကွက်ရှိ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ အောင်ချမ်းသာပရိယတ္တိစာသင်တိုက်၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ဇောတိရတနာကျောင်းတိုက်နှင့် မေကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ သန်းတော ကုန်းကျေးရွာ ရွာဦးကျောင်းတိုက် တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
    ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာ(တောင်)ကျေးရွာရှိ ကျောက္ကာရွှေဂူနီစေတီတော်မြတ်ကြီးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်နှင့် တာဝန်ရှိ သူများက ယနေ့နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ပြီး ဘုရားဖူးလာပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ် ရေးစည်းကမ်းချက်များနှင့်အညီ ဖူးမြော်ကြည်ညိုနိုင်ရေးနှင့် စေတီတော်ကြီး ပတ်ဝန်း ကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကိုလှည့်လည်ကြည့်ရှု၍ အလှူငွေ ၁၀ သိန်းကျပ်အား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။