ဘုရားစေတီများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများ၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်

ဘုရားစေတီများ၊ ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများနှင့် ဌာနဆိုင်ရာ ရုံးများ၌ တပ်မတော်သားများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်း သန့်ရှင်းရေးများ ပြုလုပ်

နေပြည်တော်၊ ဩဂုတ် - ၂၁

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ သမိုင်းဝင်ကျိုက်ထီးရိုး ဆံတော်ရှင်စေတီတော်နှင့် ပေါင်မြို့၊ ပြည်သူ့ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကန်ကြီးထောင့်မြို့၊ ကျုံပျော်မြို့၊ ကျောင်းကုန်းမြို့၊ ဇလွန်မြို့၊ ညောင်တုန်း မြို့နှင့် ဓနုဖြူမြို့တို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံများ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် လမ်းဘေးဝဲ/ယာနှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထွေထွေ ရောဂါကုဆေးရုံကြီး(ကုတင်-၅၀၀)တို့၌ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ တွင် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ရေစီး ရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။