ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ စတုတ္ထအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ စတုတ္ထအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် - ၉

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ စတုတ္တအကြိမ် ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်းမြို့နယ်၊ သံဃာ့နာယကဥက္ကဋ္ဌ ဘဒ္ဒန္တ မာဏိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ငါန်းဇွန်းမြို့နယ် သံဃာ့နယက ဥက္ကဋ္ဌ ဆရာတော်ကြီး အမှူးပြုသော သံဃာ တော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသူ များက နာယူကြည်ညိုကြသည်။

ဆက်လက်၍ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ’င်တော် အစိတ်အပိုင်းများအား ဆရာတော်ကြီးများ၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် လုံခြုံရေးအဖွဲ့ဝင် များနှင့် ယာဉ်မောင်းများ နေရာယူခြင်း၊ ဥပါသကာများနှင့် ဝတ်အသင်းများနေရာယူခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်လောင်းလျာပင်မကျောက်တော်ကြီးမှ ပလ္လင်တော်အပိုင်း(၂)၊ ပလ္လင်တော်အပိုင်း (၁/၂)အရန် စုစုပေါင်း ၂ တုံး တင်ဆောင်ထားသည့် Modular Trailer များသည် မင်္ဂလာအချိန်တွင် စတင်ပင့်ဆောင်ထွက်ခွာတော်မူကြရာ ငါန်းဇွန်းမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ကြီး၊ တိုင်းမှူးနှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က ဧည့်ပရိတ်သတ် အပေါင်းတို့က လက်ဆယ်ဖြာ ဦးထိပ်ထား၍ ကြည်ညိုကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။