မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်သမားများသိုဝှက်သိမ်းဆည်း ထားသည့် လက်နက်/ခဲယမ်းများ၊ ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထား သည့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိ၊

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်း အကြမ်းဖက်သမားများသိုဝှက်သိမ်းဆည်း ထားသည့် လက်နက်/ခဲယမ်းများ၊ ဒေသခံပြည်သူများထံမှ အတင်းအဓမ္မကောက်ခံထား သည့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိ၊

နေပြည်တော်၊ မတ် - ၂၅

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG ၊CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သမားများသည် အချို့မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန် လျက်ရှိသည့်အပြင် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဘာသာရေးဆိုင် ရာအဆောက်အဦများ၊ စာသင်ကျောင်းများ၊ အများပြည်သူနှင့်သက်ဆိုင်သော နေရာ များ၌ သိုဝှက်သိမ်းဆည်းခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ရှာဖွေဖော်ထုတ်သိမ်းဆည်းခြင်းများအပါအဝင် လုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ရှာဖွေဖော်ထုတ် ဆောင်ရွက်လျက်ရှိစဉ် အကြမ်းဖက်မှုများကို မလိုလား သည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက မတ် ၂၂ ရက် နံနက်ပိုင်းတွင် နှမ်းခါးကျေးရွာအနီး ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါကျေးရွာအဝင်ရှိ “စိုးမိုးသူ” ဆန်စက်နှင့် အခြေခံပညာအထက်တန်းကျောင်း(နှမ်းခါး)တို့ အတွင်း ဝင်ရောက်ရှာဖွေရာ အကြမ်းဖက်သမားများသိုဝှက် သိမ်းဆည်းထားသည့် လက်လုပ် ခါးချိုးသေနတ် ၁ လက်၊ လက်လုပ်စိန်ပြောင်း ၁ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ကျည်မျိုးစုံ ၁၂ တောင့်နှင့် ဒေသခံပြည်သူများထံမှ အတင်းအဓမ္မ ကောက်ခံသိမ်းယူထားသည့် ဆန် ၁၃၀ အိတ်၊ စပါး ၁၄၀၀ တင်း၊ နေကြာ ၂၀ တင်း၊ ဆန်ကွဲ ၃၅ တင်း၊ ဖွဲ ၂၅၀ အိတ်နှင့် စားသောက်ကုန်ပစ္စည်းများအား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား သက်ဆိုင်ရာသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိခဲ့သည့် ဆန်၊ စပါးအပါအဝင် စားသောက်ကုန်ပစ္စည်းများအား ဒေသခံ ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့်လုံခြုံရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။