မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး လူ

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအား PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးဆုံးရှုံး

 

နေပြည်တော်၊ ဇူလိုင် ၂၆

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ တပ်ကုန်းကျေးရွာအား ဇူလိုင်လ ၂၆ ရက်က PDF အမည်ခံအကြမ်းဖက်အဖွဲ့များက လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ် တိုက်ခိုက် ကာ မီးရှို့ခဲ့မှုကြောင့် ကျေးရွာနေ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ကာ အမျိုးသား ၁ ဦးဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၄၁ လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက် နံနက် ၆ နာရီ ၅ မိနစ် ခန့်တွင် ပေါက်မြို့နယ်၊ တပ်ကုန်း ကျေးရွာအား PDF အမည်ခံအကြမ်းဖက်အဖွဲ့အင်အား(၃၀၀)ဦးခန့်က ကျေးရွာ၏ တောင် ဘက် မီတာ ၄၀၀ ခန့်အကွာမှ လက်နက်ငယ်၊ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင် များပါဝင်သည့် ပူးပေါင်းအဖွဲ့က အခြေအနေအားထိန်းသိမ်းနိုင်ရေး အဆိုပါနေရာသို့ ဝန်ခြုံး-ပင်တောင်-တပ်ကုန်း-ကိုင်းလယ်လမ်းအတိုင်း ထွက်ခွာလာစဉ် တပ်ကုန်းကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်အကွာအရောက်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့များက ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ သည် စမ်းရေခုံကျေးရွာဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက တပ်ကုန်းကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ မီးရှို့၊ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာရှိ လူနေအိမ် ၄၁ လုံးခန့်မှာ မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိရပြီး အဆိုပါကျေးရွာကာကွယ်ရေးအဖွဲ့ဝင်များဖြစ် သည့် ဦးစန်းမင်းအောင်(၃၃)နှစ်(ဘ)ဦးတင်အောင်၊ ဦးတင်မောင်ဝင်း(၃၇)နှစ်(ဘ)ဦးမြထွန်းနှင့် ကျေးရွာနေပြည်သူ ဒေါ်ခင်မြင့်စိုး (၅၀)နှစ်(ဘ) ဦးချစ်စိန်တို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် လည်း ကောင်း၊ ကျေးရွာနေပြည်သူများဖြစ်သည့် ဦးဝင်းအေး(၃၅)နှစ် (ဘ)ဦးကျော်အောင်၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းကြည် (၃၄)နှစ်(ဘ) ဦးထွန်းခင်၊ သမီးဖြစ်သူ မသုန်နဒီမိုး(၁၂)နှစ်နှင့် သားဖြစ်သူ ဉာဏ်လင်းအောင်(၇) နှစ်တို့တွင် မီးလောင်ဒဏ်ရာများဖြင့် လည်းကောင်းအသီးသီး သေဆုံးနေပြီး ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် ကိုပြည်စုံအောင်(၂၁)နှစ်(ဘ)ဦးအေးကြံတွင် ယာနားရွက်ကျည်ထိမှန် ဒဏ်ရာ ၁ ချက်ရရှိထား သည်ကို တွေ့ရှိရသဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး‌ ပေါက်မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
ထိုကဲ့သို့ ကျေးရွာနေအပြစ်မဲ့ပြည်သူများအား ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာ ဖော်ထုတ် အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။