မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ လူအုပ်စုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား၍ အမျိုးသား(၂)ဦးသေဆုံး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ လူအုပ်စုချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား၍ အမျိုးသား(၂)ဦးသေဆုံး

နေပြည်တော်၊ မတ်လ ၅ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၅ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကြီးကျေးရွာနေ NLD ပါတီထောက်ခံသူ ဦးထွေးနိုင်၊ (၅၃)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးမြတ်မောင် နှင့် သက်နောင်ဦး(စိစစ်ဆဲ) တို့ပါ ကျား(၈)ဦးသည် တစ်ရွာ တည်းနေ ကိုသန်းစိုး ၏နေအိမ်မှပြန်လာစဉ် ကျော်လင်းခိုင်၏ သစ်စက်ရှေ့ အရောက်၌ ကျော်လင်းခိုင်ပါ ကျား(၈)ဦးခန့်က ဓား/တုတ်များဖြင့် ဝိုင်းဝန်းထိုးခုတ်/ ရိုက်နှက်ထွက်ပြေး သွားခဲ့၊ ဝိုင်းဝန်းထိုးခုတ်ရိုက်နှက်မှုကြောင့် ဦးထွေးနိုင် ပါ ကျား(၂)ဦးတွင် ယာချိုစောင်း/ လည်ပင်း/ ဂုတ်ပိုးပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး သက်နောင်ဦး ပါကျား(၂)ဦးတွင် ခန္ဓာကိုယ်ဖူးယောင်/ ပြတ်ရှဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သတင်းအရ ပွင့်ဖြူမြို့မ စခန်းမှူး ဦးစီးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး သေဆုံး/ ဒဏ်ရာရရှိသူများအား မကွေးမြို့၊ အမှတ်(၁၆) တပ်မတော်စစ်ဆေးရုံ(ခုတင်-၁၀၀)သို့ ပို့ဆောင်ခဲ့ပါသည်။

ဖြစ်စဉ်မှ တရားခံ ကျော်လင်းခိုင် ပါကျား(၄)ဦးအား ဖမ်းဆီးရမိပြီး ဥပဒေနှင့်အညီအမှုဖွင့်ထားရှိပြီး ကျန်ရှိတရားခံများဖမ်းဆီး ရမိရေးဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။