မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုံ၊ ဇေကမ္ဘာဝင်းအတွင်း မီးလောင်မှုဖြစ်ပွားမှု

မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုံ၊ ဇေကမ္ဘာဝင်းအတွင်း မီးလောင်မှုဖြစ်ပွားမှု

နေပြည်တော်၊ မတ်လ ၁၀ ရက်

၂၀၂၁ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်စက်မှုဇုံ၊ ဇေကမ္ဘာဝန်း၊ ဇေကမ္ဘာ(၄)လမ်း၊ အမှတ်(၂၆)ရှိ ပိုင်ရှင် ဦးရဲ
စိန် ထံမှ ငှားရမ်းလုပ်ကိုင်သည့် ဂျပန်နိုင်ငံသား၊ Mr. Arokie ၏ MGE-2 ကုတ်အင်္ကျီအထည်ချုပ်လုပ်ငန်း Stree Structure စက်ရုံ(၃၃၀× ၁၈၀) ပေ အဆောက်အဦတွင် မီးလောင်မှုဖြစ်ပွားကြောင်း နံနက် ၇ နာရီ ၃၅ မိနစ်အချိန်တွင် သတင်းအရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ်(၂၄)စီး၊ ရေသယ်ယာဉ်(၄)စီး၊ အထောက်အကူပြုယာဉ်(၄)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၇၁)ဦး၊ အရန်(၅၃)ဦး တို့ဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၈ နာရီ ၂၈ မိနစ်အချိန် မီးထိန်းနိုင်ခဲ့ပြီး ၈ နာရီ ၃၅ မိနစ်အချိန် မီးငြိမ်းသတ်နိုင်ခဲ့ပါသည်။

အဆိုပါမီးလောင်မှုကြောင့် ဂျပန်နိုင်ငံသား၊ Mr. Arokie ၏ MGE-2 ကုတ်အင်္ကျီ အထည်ချုပ်လုပ်ငန်း Stree Structure စက်ရုံ(၃၃၀× ၁၈၀) ပေ အဆောက်အဦ၏ အတွင်းပိုင်းရှိ အထည်အလိတ်များ၊ ကုန်ကြမ်းပစ္စည်းများနှင့် Cutting Machine များ မီးလောင်ဆုံးရှုံးခဲ့ပြီး ကပ်လျက်အုတ်တံတိုင်းခြားထားသော ရွှေမင်္ဂလာ( Export) အထည် ချုပ်စက်ရုံ(ဦးရဲစိန် ပိုင်ဆိုင်သည့်အခြားစက်ရုံ)မှာ နံရံသွပ်ပြားနှင့် လူဝင်လူထွက်တံခါးများ မီးဟပ်ခံရပြီး စက်ရုံအတွင်းပိုင်းသို့ မီးကူးစက်မှုမရှိစေရေး ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သတင်းရရှိပါသည်။