မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ ပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၂၃

မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ၏ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကောင်မတီ မြို့တော်ခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ မန္တလေးမြို့၊ မဟာအောင်မြေမြို့ နယ်၊ မဏိရတနာရာမမြတောင်ကျောင်းတိုက်၊ သမ္မတစာချကျောင်း ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တအင်္ကုရ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူ ကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြတောင်ကျောင်းတိုက် ဆရာ တော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များကို နာယူကာ သံဃာတော်များအား ဝါဆိုသင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာ ယက အဖွဲ့ဝင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဟာဓမ္မကာရာမကျောင်းတိုက်၊ ရတနာပုံကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒထံမှ အနုမောဒနာတရားနာကြားကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။