မန္တလေးတိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်

မန္တလေးတိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် အောင်နိုင်ရေးအလံပေးအပ်

နေပြည်တော်၊ စက်တင်ဘာ - ၁၅

မန္တလေးတိုင်းဒေသကြီးအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်များ၊ မြို့မိမြို့ဖများ၊ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန္တလေးတိုင်း ဒေသကြီးအဆင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် အကဲဖြတ်ဒိုင်းများအား ဆုများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များ အသီးသီးပေးအပ်ချီးမြင့်ကြပြီး ဆုရရှိကြသူများ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဗဟိုအဆင့်တွင် သွားရောက်ယှဉ်ပြိုင် မည့် အဖွဲ့ခေါင်းဆောင်ထံသို့ အောင်နိုင်ရေးအလံကို ပေးအပ်ခဲ့ကြောင်း သတင်ရရှိ သည်။