မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့၌ရဲစခန်းများအား လေးခွ၊ ဓာတ်ဆီပုလင်းတို့ဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အချို့၌ရဲစခန်းများအား လေးခွ၊ ဓာတ်ဆီပုလင်းတို့ဖြင့် အကြမ်းဖက်ရန်ပြုပစ်ခတ်မှုဖြစ်ပွား

နေပြည်တော်၊ မတ်လ၁၄
    
ပြည်သူလူထု၏ အေးချမ်း သာယာစွာ နေထိုင်စားသောက်မှုကို မလိုလားသည့် မသမာသူ တို့ အနေဖြင့် နောက်ကွယ်မှ သွေးထိုးစည်းရုံးလှုံ့ဆော်မှုများဖြင့် လမ်းမ ပေါ်သို့လူအုပ်စုများ ရောက်ရှိ အောင်ဆူပူအကြမ်းဖက်မှုများမဖြစ်ဖြစ်အောင် ဆောင်ရွက်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ အား ထိပ်တိုက်ရန်ပြု၍ မင်းမဲ့စရိုက်ဆန်စွာအကြမ်းဖက်မှုများ နှင့်ရဲတပ်ဖွဲ့စခန်း များ သို့ စီးနင်း ဝင်ရောက် အကြမ်းဖက်ရန်ပြုခြင်းများ ကိုတစ်နေ့တစ်ခြားပိုမိုတိုးမြှင့်လုပ်ဆောင် လာနေသည် ကိုတွေ့ရှိရပါသည်။
    
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်နေသူဦးဇော်လွင် မိသားစုအိမ်အား အကြမ်း ဖက် လူအုပ်စုကသတင်းပေးဟုခေါင်းစဉ်တပ်အကြောင်းပြ၍ ရိုက်နှပ်ဖမ်းဆီးခေါ်ဆောင်ကာ၅၉ လမ်းနှင့် ၁၁၂ လမ်းထောင့်ရှိသံဓိသုခဓမ္မာရုံအတွင်းချုပ်နှောင်ထားရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ က သွားရောက်ကယ်ထုတ်ခဲ့ပြီးလိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့သည်။
    
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်ကိုကျေနပ်မှုမရှိသောအကြမ်းဖက် လူအုပ်စု က နေ့လယ် ၂ နာရီ ၂၀ မိနစ်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်(မြောက်) ရပ်ကွက်၊ ၇၈ လမ်းနှင့် ၄၂ လမ်းထောင့်ရှိရဲစခန်းနှင့်  အောင်မြေသာ စံမြို့နယ်၊ သီရိမာလာအရှေ့ရပ်ကွက်၊ အကွက် ၂၀၀၊ ၂၆ လမ်း၊ ၈၉ x ၉၀ လမ်းကြားရှိရဲစခန်းအား လည်းကောင်း၊နေ့လယ် ၂ နာရီ ၅၀ မိနစ်အချိန်ခန့် တွင် မဟာအောင်မြေမြို့နယ်၊ ၈၃ လမ်း၊ ၃၅ x ၃၆ လမ်းရှိရဲစခန်းအား လည်းကောင်း၊ နေ့လယ် ၃ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြဝတီမင်းကြီးလမ်းနှင့် ၆၂ လမ်းထောင့်ရှိရဲစခန်းအား လည်းကောင်း၊ မသာမာသူအချို့က ဆိုင်ကယ် များဖြင့် ဓာတ်ဆီပုလင်း အား မီးရှို့၍ ပစ်ပေါက်ခြင်း၊ လေးခွများဖြင့်ပစ်ခတ်ခြင်းပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အဆိုပါအကြမ်းဖက်သူများ ထွက်ပြေးသွား ခဲ့ကြောင်းသိရှိရပါသည်။
    
အလားတူမဟာအောင်မြေမြို့နယ်၊ ၈၁ လမ်း၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြား ၊ ရပ်ကွက်အတွင်း လမ်းများပိတ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအားသတင်းပေး ဟုစွပ်စွဲကာအကြမ်းဖက်သူလူအုပ်စုက ဝင်/ထွက်လမ်းများတွင် တာယာကွင်းများပုံ၍ မီးရှိို့ခြင်း၊ အသံပေးလက်လုပ်ဗုံးများ ပစ်ခတ်ခြင်း၊ ညာသံပေးအော်ဟစ်ခြင်းစသည့်ဖြင့် မင်းမဲ့စရိုက်ဆန်ဆန် လုပ်ဆောင်လာခဲ့သောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအချိန်မီသွားရောက်၍ ဒေသတွင်းအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးအတွက် လူစုခွဲဆောင်ရွက်ခဲ့ရသည်။
    
ဖြစ်စဉ်များတွင် ဆူပူအကြမ်းဖက်သူများ၏ ဓာတ်ဆီပုလင်းဖြင့် ပစ်ခတ်မှုနှင့်လေးခွဖြင့် ပစ်ခတ်မှုတို့ကြောင့် တပ်ဖွဲ့ဝင်နှင့်အဆောက်အဦများထိခိုက်ပျက်စီး၊ ဒဏ်ရာရရှိမှုမရှိကြောင်း၊ လူစုခွဲခြင်းဆောင်ရွက်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာဆူပူအကြမ်းဖက်သူ အမျိုးသား ၁၅ ဦးအားဥပဒေအရအရေးယူနိုင်ရေးထိန်းသိမ်းထားရှိကြောင်းနှင့် အကြမ်းဖက်လုပ်ရပ် ကျူးလွန်သူများအားဥပဒေနှင့်အညီစိစစ်ဖော်ထုတ် အမှုဖွင့်လှစ်အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိ ကြောင်း သတင်းရရှိပါသည်။